Part-(3)

26 4 0
                                    

(Unicode)

Jiwooတစ်ယောက်Wonyoungကိုကြည့်ပြီးစိတ်သက်သာရာမရပေ။ဆိုင်ရှင်အစ်မကြီးကလည်း Wonyoungကိုအိမ်ပြန်နခိုင်းလည်း၊ဟန်ဆောင်ကောင်းလှတဲ့သူမကတော့အပူလျှက်လို့နှာခေါင်းသွေးလျံတာပါပဲပြောလေသည်။

အလုပ်ဆင်းချိန်ရောက်တော့၊Jiwooနှင့် Wonyoung အတူတူ အလုပ်ဆင်းရင်းWonyoungတစ်ယောက်ပင်ပန်းနွမ်းနယ်သလိုဖြစ်ပြီးအလုပ်တံခါးဖွင့်ရုံရှိသေးမူးလဲပြန်သည်။Jiwooလည်းWonyoungလဲကျတာနှင့်ခန္ဓာကိုယ်ကိုမလဲအောင်ထိန်းထားပြီးWonyoung နာမည်ကိုခေါ်တာခဏခဏတည်းပြီးနောက်မူးတဲ့သူကိုတွဲခေါ်သလိုခေါ်လေသည်။အလုပ်ကမပြန်သေးတဲ့သူကလည်းမြင်တော့Wonyoungကိုကူပြီးကားပါတဲ့သူဆိုင်ရှင်ကWonyoungပြနေကျဆေးရုံထိမောင်းပို့လေသည်။Wonyoungကိုဆေးရုံပို့ရင်းလမ်းတစ်ဝက်ရောက်တော့သူမသတိပြန်လည်လာသည်။နုံနယ်နေသလိုသူမခံစားရသည်။

ဆေးရုံရောက်တော့တိုကင်Jiwooယူပြီးတာနှင့်လူနာစောင့်တဲ့ခုံမှာအလှည့်ကျမှာကိုစောင့်ရင်းJiwooတစ်ယောက်သူမဘေးလွယ်အိတ်ကရှုူဆေးထုတ်ပြီးWonyoungကိုရှုူခိုင်းလေသည်။

*Wonyoung၊နင့်ကိုငါမပြောချင်တော့ဘူးရယ်။အစ်မSuminကအိမ်ပြန်နားဆိုမဟုတ်။မနက်၉နာရီကနေ၃နာရီထိ၊တစ်နေကုန်နီးနီး၊နားဆိုမနားဘာဖြစ်လို့ညာဖြစ်လို့၊မပြောချင်ဖူးနင့်ကိုလည်း*

Jiwooတစ်ယောက်အားရပါးရဆူလေသည်။အားနည်းတုန်ချည့်နေသည့်Wonyoungကတော့ ဆူဆဲနေတဲ့Jiwoo,ကိုကြည်ပြီးပြုံးတိပြုံးတိနေလေသည်။Jiwooကတော့Wonyoungပြုံးတိတိပုံကြောင့်အမြင်ကပ်လေသည်။

"အမိနေမကောင်းတာတောင်စပ်ဖြဲစပ်ဖြဲပြုံးနေတာပဲ။"

"ငါကိုဆူနေတဲ့နင်ပုံကိုရယ် ချင်လို့ပါဟယ်။"

"အရူးမ"

တိုကင်ရောက်တော့လူနာနာမည်ခေါ်တာနှင့်Jiwooက Wonyoungကိုတွဲပြီး ခေါ်သွားလေသည်။ဆေးခန်းမှာဆရာဝန်ကWonyoungအခြေနေကိုပြောမယ်အလုပ် Wonyoungကဆရာဝန်ကပြနေကျဆရာဝန်ဖြစ်သည့်အတွက်သူမရောဂါအသိမခံနိုင်တဲ့အတွက်ဆရာဝန်ဖြစ်သူကိုမျက်စပြလေသည်။ဆရာဝန်နှင့်Wonyoungကအနည်းငယ်ရင်းနှီးနေတဲ့အတွက်Wonyoungဖြစ်နေတာသူနားလည်တော့သာမန်မျှပြောပြီးဆေးသွားဝယ်ခိုင်းလေသည်။Jiwooတစ်ယောက်ထွက်ပြီးဆေးဝယ်တာနှင့်Wonyoungနှင့်ဆရာဝန်ကတစ်အောင့်ကြာမျှသာစကားပြောသည်။

THAT LADYWhere stories live. Discover now