" 1 "

129 12 0
                                    

Unicode

" နောက်လဆိုရင်ပဲ လပတ်စာမေးပွဲဖြေရမှာဆိုတော့ ဒီအတောအတွင်း ဆရာသင်ခဲ့သမျှစာတွေကို Revision ပြန်လုပ်ထားတာ ပြီးတာနဲ့ .. ဟိတ် ဟိုအိပ်နေတဲ့တစ်ယောက် ဘယ်တော့ထမှာလဲ "

အတန်းရှေ့၌ရှိနေသော ဆရာတစ်ယောက်၏ ဟိန်းထွက်နေသော အသံကြောင့် စာရေးခုံပေါ်တွင် ငြိမ်သက်စွာမှီချထားသည့် ခေါင်းမှာလည်း အနည်းငယ်လှုပ်ရှားလာလေတော့သည်။ တဖြည်းဖြည်းချင်း ပွင့်လာသည့်မျက်လုံးနှင့် ဘေးမှာထိုင်နေသည့် ဂျယ်ဟီးမှာ မျက်စမျက်နဖြင့် အချက်ပြနေသည်။ ရှီအွန်းသိနှင့်လိုက်ပြီ ။ ဂျယ်ဟီးကပါ မျက်စမျက်နပစ်ပြနေပြီဆို ဆရာဘယ်လောက်စိတ်ဆိုးနေမလဲပင် ။ စာရေးခုံပေါ်သို့ မှီချထားတော့ ခေါင်းတို့ထောင်မတ်လာကာ မျက်လုံးရဲရဲကြီးဖြင့် စိုက်ကြည့်နေသည့် ဆရာနှင့် မျက်လုံးချင်းဆုံလိုက်သည် ။ ဆရာ့ရဲ့အကြည့်တွေက အရင်နေ့တွေကထက် ပိုကြောက်ဖို့ကောင်းနေသောကြောင့် အနည်းငယ်တုန်တက်သွားခဲ့ပေမယ့် အချိန်သိပ်မကြာလိုက်ပါ။

" ကျောင်းသားအိုရှီအွန်း အတန်းပြင်ထွက်ပြီး မတ်တပ်သွားရပ် ! "

တစ်ခွန်းတည်းသောအမိန့်ကြောင့် သက်ပြင်းချကာ အတန်းထဲမှပင် လှစ်ခနဲထွက်သွားလေသည်။ အတန်းပြင်ရောက်မှပင် ခပ်တည်တည်ဖြစ်နေခဲ့သည် မျက်နှာအနေအထားကိုပြင်ရသည် ။ ဒီမျက်နှာထားနှင့် ထိုချစ်စရာကောင်လေးကို မြင်အောင်တော့မပြရဲပေ ။ တော်တော်ကြာ ကြောက်ပြီးထွက်ပြေးနေမှဖြင့် အချစ်ဦးလေးနဲ့လွဲကုန်ဦးမည် ။ ဘယ်ဘက်လက်မှာ ပတ်ထားသည့် နာရီကိုကြည့်လိုက်ပြီး သူ့အလိုလိုပင်နှစ်နှစ်ခြိုက်ခြိုက်ပြုံးလာတော့သည်။ ခဏနေလျှင် နေ့လည်စာစားချိန်ရောက်တော့မည် ။ သေချာ‌ပေါက်ကို ကောင်ကလေးက ကန်တင်းကိုရောက်လာမှာပဲ ဘောင်းဘီအိတ်ကပ်ထဲမှာလည်း ရည်းစားစာအဆင်သင့်ပြင်ထားပြီပေမယ့် ကောင်ကလေး မငြင်းဖို့ပဲမျှော်လင့်နေတော့သည်။

__________________________________________

တနင်္ဂနွေနေ့ပြီးရင် တနင်္လာနေ့လာတာ ထုံးစံပင် ။ သို့ပေမယ့် ယူအူရှီကတော့ တနင်္လာနေ့ကို စိတ်အလှုပ်ရှားဆုံးဖြစ်သည်။ ကိုယ့်ကိုကိုယ်ပင် ထိုအကြောင်းနှင့်ပက်သတ်၍ မေးခွန်းထုတ်မိဖူးသည်။ အားလပ်ရပ်အပြီး ကျောင်းပြန်ဖွင့်လို့လား " မဟုတ်ဘူး " . ကျောင်းမှာ ၂ရက်လောက် ခွဲခွာလိုက်ရသည့် သူငယ်ချင်း‌တွေနဲ့ ပြန်တွေ့လို့လား " မဟုတ်ဘူး " . ကျိန်းသေပေါက် ထိုအရာတွေမှလွဲ၍ သေချာသည့်အဖြေကတော့ ရှိနေပေသည်။

" ဟိုစီနီယာအစ်ကိုကြီး ရည်းစားစာလိုက်ပေးမှာကို "

နေ့တိုင်းမပြတ်ရည်းစားစာ လိုက်ပေးနေသည့် စီနီယာအပေါ် သတိထားမိလာသည်။ ရည်းစားစာနေ့တိုင်းပေးသည့်အပြင် ယူအူရှီနဲ့တွေ့တိုင်း သူ့ကိုယ်သူ " ကိုကို " ခေါ်တတ်သည့်အကျင့်ကိုတော့ ဖျောက်မရတော့ပေ။ နေ့လည်စာစားချိန် ယူအူရှီနဲ့အတူ ကန်တင်းလိုက်ထိုင်တိုင်း မေးထောက်ကြည့်တတ်သည့် စီနီယာကြောင့် ရင်ခုန်တတ်လာသည်။ သို့ပေမယ့် ချက်ချင်းအဖြေပေးလိုက်လို့မသင့်သေးတာကြောင့် အနည်းငယ်မူရပေဦးမည်။

My Sweetheart Where stories live. Discover now