" 2 "

79 11 12
                                    

Unicode

" ကိုကိုကြီး ဘာတွေမှိုင်နေတာလဲ "

" ဘာမှမဟုတ်ပါဘူး ဒီအတိုင်း "

" ဘာလဲ ဟိုဂျပန်ကိုကိုကြောင့်လား "

" ကိုယ့်ဟာကိုယ် စာလုပ်ပါလားကွာ ကိုကိုကြီးစိတ်ရှုပ်နေတယ် "

" တော်ပြီ ကိုကိုကြီးနဲ့စာမလုပ်တော့ဘူး ဟယ်ရင်းဆီပဲသွားတော့မယ် "

စာရေးစားပွဲပေါ်တွေ ထပ်ထားသည့်စာအုပ်လိုက်ကြီးအား မနိုင်မနင်းသယ်သွားသည့် ညီမဖြစ်သူကို အသက်မပါသော မျက်လုံးဖြင့်သာ ကြည့်လိုက်သည်။ အခန်းထဲမှထွက်မသွားခင် အစ်ကိုဖြစ်သူကို လှည့်ကြည့်ရင်း မသိမသာလေးအသိပေးလိုက်သည်။

" နည်းနည်းပါးပါးသွားချော့ဖို့ စဉ်းစားလေ ကိုကိုကြီးကလည်း ထိုင်ပြီးမှိုင်မနေနဲ့ ပြန်မကြိုက်ပဲနေဦးမယ် "

ရှီအွန်းရဲ့မျက်လုံးတွေက ညီမဖြစ်သူကိုပြူးပြီးကြည့်လာသဖြင့် ဘာစကားမှဆက်မပြောချင် စာအုပ်အထပ်လိုက်ကြီးကို မနိုင်မနင်းသယ်ကာ အောက်ကို ချော်မလဲရုံတမယ် ပြေးဆင်းသွားခဲ့သည်။

ထိုနေ့က မုန့်ဆိုင်တွင်ညီမဖြစ်သူနှင့် သူ့သူငယ်ချင်းပါရှိနေသည်ကို ရှီအွန်းသတိမထားမိခဲ့ ။ နီးနီးကပ်ကပ်ကြီး‌ ဘေးနားမှဖြတ်သွားသော်လည်း ရှီအွန်းမတွေ့ပေ။ အစ်ကိုဖြစ်သူ သတိထားမိအောင် ပြုမူလိုက်ပေမယ့် ဘေးမှကောင်ကလေးဆီကနေ အကြည့်တစ်ချက်မှ မခွာသေးသည့် အစ်ကိုဖြစ်သူကြောင့် မျက်လုံးပင်ပြူးရသည်။

* ဟယ် မဟုတ်သေးဘူး ငါ့ကိုတကယ်ကြီးမမြင်တော့တာလား *

ဆိုင်မှာဆက်နေလျှင်လည်း မထူးတော့သည်မို့ သူငယ်ချင်းကောင်မလေးကို လက်ဆွဲရင်းဆိုင်မှထွက်လာခဲ့သည်။ လမ်းတစ်လျှောက် ဟိုအကြောင်း ဒီအကြောင်းပြောရင်းနှင့် အစ်ကိုဖြစ်သူဆီစကားလှည့်လာသည်။

" ဒါနဲ့လေနင့်အစ်ကိုကြည့်ရတာ တစ်မျိုးပဲနော် "

" ဟုတ်ပ နင်လည်းအဲ့လိုထင်တယ်မဟုတ်လား ဟယ်ရင်း ငါတော့သတိထားမိနေတာ လေး ငါးလလောက်ရှိပြီ။ တစ်ချို့ညတွေဆိုလည်း မအိပ်ဘူးဟယ် ညလုံးပေါက်ဘာတွေထိုင်ရေးနေမှန်းမသိဘူး "

" မဟုတ်မှလွဲရော နင့်အစ်ကိုရည်းစားစာရေးနေတာပဲ ဖြစ်မှာပေါ့ ‌ခုနကဆိုင်မှတွေ့ခဲ့တဲ့အစ်ကိုကို ပေးဖို့များလား "

တစ်ခဏတာ တွေဝေသွားပြီးနောက် ထိုနေ့ကဖြစ်စဉ်ကို ပြန်သတိရမိသွားသည်။ ညနေကျောင်းဆင်းချိန် ထီးမပါပဲနှင့် တစ်ကိုယ်လုံးစိုရွှဲခါ အိမ်ထဲပြန်၀င်လာသည့် အစ်ကိုကိုမြင်လိုက်ရသေးသည်။ ညစာစားပြီးမကြာ အဖျားတက်လာပြီး အိပ်နေရင်းပင် ယောင်ပြီးစကားများ တတွတ်တွတ်ရေရွတ်နေမိသည်။ ထိုစကားများထဲ " အူရှီ မိုးရွာနေတယ်လေ ကိုကို့ထီးယူသွား " ဆိုသည့်စကားတစ်ခွန်းကို ရှင်းရှင်းလင်းလင်းပင်ကြားလိုက်သည်။

My Sweetheart Where stories live. Discover now