" 3 "

96 9 22
                                    


Unicode

အချိန်အားဖြင့် ၂ပတ်မျှကြာမြင့်သွား၏။ ဒီအတောအတွင်းမှပင် ရှီအွန်းနှင့် ယူအူရှီတို့၏ဆက်ဆံရေးမှာ တိုးတက်လာသည်ပြောရမည်။ အတိအကျပြောရလျှင် ညနေကျောင်းဆင်းချိန် ရှီအွန်းမပါပါပဲနှင့် ယူအူရှီမပြန်တတ်တော့တာမျိုး။ အရင်ကတစ်ယောက်တည်း အိမ်ပြန်လာခဲ့သည့် သတ္တိများ ဘယ်ကိုရောက်လို့ ရောက်သွားမှန်းမသိပေ။

" အူရှီ ! "

" အာ .. အစ်ကိုရှီအွန်း ရောက်လာပြီလား "

" လာ သွားရအောင်အူရှီ ။ ‌အိမ်ပြန်တာနောက်ကျနေဦးမယ် "

ညနေစောင်းအချိန် ကျောင်းအပြန် နှစ်ယောက်အတူယှဉ်တွဲလမ်းလျှောက်နေရသည့် ခံစားချက်က ကြည်နူးဖို့ကောင်းသည်။ ယူအူရှီအတွက် အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်တာကြောင့် ရှီအွန်းမှာ လမ်းတစ်လျှောက်စကားပြောနေသော်လည်း ထိုမျက်နှာလေးကို လှည့်မကြည့်နိုင်ဖြစ်နေရသည်။ အချင်းချင်းအဆင်ပြေနေသည့် အခြေအနေကို မဖြိုခွင်းချင်သည်နှင့် ယူအူရှီကိုလည်း စိတ်မသက်မသာမဖြစ်စေချင်သည့် အကြောင်းကြောင့်ဖြစ်သည်။

ညနေခင်းသည်လည်း တဖြည်းဖြည်းချင်း အမှောင်ကျလာပြီး လမ်းမထက် မီးတိုင်ဆီမှမီးအလင်းရောင်များ ကိုယ်ပေါ်သို့ဖြာကျနေတော့သည်။ ရှေ့တစ်ကွေ့ဆိုလျှင် ယူအူရှီအိမ်ရောက်ပြီဖြစ်တာကြောင့် ရှီအွန်းစိတ်ထဲ ကျောင်းတက်ချိန်သို့ အချိန်နောက်ပြန်ရစ်ချင်သည့် ဆန္ဒသာရှိတော့သည်။

" အိမ်ရောက်ပြီပဲ ရတယ်အစ်ကို ။ ကျွန်တော်ဒီကနေပဲ တစ်ယောက်တည်းသွားလိုက်တော့မယ် "

" ဟင့်အင်း အူရှီ။ ကိုယ်လိုက်ပို့ပါ့မယ် ရှေ့တစ်ကွေ့ဆိုပေမယ့် အဲ့နားကမှောင်နေတာကို စိတ်မချဘူး "

" ခဏလေး ရုတ်တရက်ကြီး အိမ်မပြန်ချင်သေးဘူး ။ လာ ကျွန်တော်တို့ဟိုဘက်လမ်း ပတ်ရအောင် "

လမ်းတစ်၀က်မှလှည့်ပြီး လမ်းတစ်ခုထဲသို့ ရှီအွန်းလက်ကို‌ဆွဲခေါ်သွားသည်။ ထိုအချိန်တွင် လက်ဆွဲခေါ်သွားသည့်သူက တစ်စုံတစ်ယောက်ထက် ပိုရင်ခုန်နေသည်ကို မြင်တွေ့ရလိမ့်မည်။ လမ်းထဲနည်းနည်းဆက်လျှောက်လာသည်နှင့် မုန့်ဈေးတန်းတစ်ခုကိုမြင်လိုက်ရသည်မို့ ရှီအွန်းရုတ်တရက်ဗိုက်ပင်ဆာသွားတော့သည်။ မုန့်ဈေးတန်းရောက်သည်အထိ လက်တွဲမဖြုတ်သေးသည့် ယူအူရှီကို မျက်လုံးလေးကလယ်ကလယ်ဖြင့် ကြည့်လိုက်သည်။

" 헐 !!! နေပါဦး ယူအူရှီက ငါ့လက်ကိုကိုင်ထားတာ "

" ဟင် အစ်ကိုဘာပြောတာ ? "

ရင်တုန်ပန်းတုန်ဖြင့် ကိုယ်တိုင်ကပင်စိတ်ထဲကပြောနေသည့်စကား တကယ်ပြောမိလိုက်သည်ကို သတိမထားမိတော့။ ယူအူရှီက သူ့နာမည်ကြား၍လှည့်ကြည့်လာတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းကိုမသိပေ။

My Sweetheart Where stories live. Discover now