part_2

331 58 6
                                    

အပိုင်း_၂

....

ဂင်မင်ဂယူ ကျောင်းကပြန်ရောက်တာနဲ့ ခေါက်ဆွဲဆိုင်မှာ အချိန်ပိုင်း၀င်လုပ်သည်။ ယခုလည်း သူစားပွဲထိုးနေတုန်း အပေါ်ထပ်က အကိုတွေ ရယ်ရယ်မောမောနဲ့ပြန်လာကြတာတွေ့တော့ အားကျမိသွားသည်။ သူ့မှာတော့ သူငယ်ချင်းတွေနဲ့ပျော်ဖို့ အချိန်တောင် မရှိခဲ့ဘူးမလား။

"ဟျောင်းတို့ အာညော်!..."

သွားစွယ်လေးတွေဖွေးကနဲပေါ်လာအောင်ရယ်ပြလာသော ကောင်လေးကို ၀န်ဝူးကသတိမမူမိ၊ ဟိုရှီနဲ့ဂျီဟွန်းကလည်း ရန်ဖြစ်နေတာမို့ မင်ဂယူစကားကို အာရံုမရ၊ ထို့ကြောင့် ဂျောင်ဟန်ကပဲ လက်ပြလိုက်ရသည်။

"အာညော်..အလုပ်လုပ်နေတုန်းလား"

"ဟုတ် ဟျောင်းတို့ရော အခုမှပြန်ရောက်တာလား..."

"အင်း ဒီကောင်တွေနဲ့ ဂိမ်းဆိုင်၀င်နေလို့‌ေနာက်ကျနေတာ "

သူစကားပြောနေခိုက် မြောင်တောင်တောင်ဝူးကတော့ အပေါ်တက်သွားပြီမို့ ဂျောင်ဟန်လည်း အဖော်မင်တဲ့ကောင်လေးကို မြန်မြန်စကားဖြတ်ခဲ့လိုက်ရသည်။

"ဂျီဟွန်းနား...လုပ်ပါလို့ တစ်ခါတည်းပါဆိုကွာ..နော်နော်"

"ဂွမ်ဟိုရှီ မင်းငါနဲ့ဝေးဝေးသွားစမ်းပါ"

"လုပ်ပါကွာ မင်းပုံလေးတစ်ပုံရတာနဲ့ ငါအလုပ်မှာ မျက်နှာရမှာလို့..."

အရှေ့နှစ်ယောက် တိုက်ပေါ်တက်သွားသည့်တိုင် ခေါက်ဆွဲဆိုင်ရှေ့မှာ ရန်ဖြစ်နေဆဲဖြစ်တဲ့ မတည့်အတူနေ နှစ်ယောက်ပါလေ။ မင်ကယူကတော့ သူတို့ရန်ဖြစ်တာကို စားပွဲခုံသုတ်နေရင်းမှ ခိုးနားထောင်နေ၏။

"ငါမလုပ်ဘူးလို့ ပြောထားတယ်နော် မရိုက်ဘူးဆို မရိုက်ဘူးပဲ"

"မင်းကလည်းကွာ သူငယ်ချင်းချင်း ဒါလေးတောင် မကူညီနိုင်တာ။ ဆယ်ဖ်ဖီလေးတစ်ပုံရိုက်ရတာ ဘာဖြစ်မှာမလို့လဲ"

"ငါရိုက်ချင်မှ ရိုက်မှာပေါ့ မင်းကိုရော ဘယ်သူက အာမခံခိုင်းလို့လဲ"

"ဟ ငါက ငါ့သူငယ်ချင်းလေးနာမည်ကြီးလို့ နာမည်ကြီးတယ် ပြောပြရုံပဲ သူတို့က မင်းဖန်ဖြစ်နေတော့ ငါလည်းမတက်နိုင်ဘူးပေါ့ကွ။ ဖန်ဆားဗစ်ပေးတာပဲကွာ မင်းအတွက် အကျိုးအမြတ်တောင်ရသေးတယ် လုပ်ပါကွာ"

ခိုလှံုရာ လက်ခုပ်မိုးလေးWhere stories live. Discover now