Ep-1

906 68 14
                                    

Uni

_____

" ဤ ဆူးတော် နှလုံးအိမ်၌ ထာဝရ တည်စေတည်း"

_____Kyar nge_______

-သွေးချောင်းစီးခြင်း-

များစွာသော အပျက်အစီးများ
ယမ်းငွေ့များနှင့် မီးလောင်ငွေ့များသည်
ကောင်းကင်ပြာပြာမမြင်နိုင်လောက်အောင်
ဖုံးလွှမ်းလျက်ရှိ၏
တစ်ချိန်က စိမ်းလန်းစိုပြေသော
အရှင်ဝမ်ဧကရာဇ် မင်းနေပြည်တော်သည်ကား
သွေးသံတရဲရဲနှင့် စစ်မြေပြင်အလား

" ဝမ်ဝမ်!!!"

"ဝမ်ဝမ်!!!"

ဧကရီ၏ အက်ကွဲနေသော တုန်လှုပ်သံ အဆုံး
သလွန်တော်အောက်မှ ကလေးငယ်
တစ်ယောက် ပြေးထွက်လာ၏
မြေစာပင် ဖြစ်ဖို့ ငယ်လွန်းလှသေးသော
သားတော် ကို ဤ တစ်ဖက်သတ်ဆန်လွန်း
လှသော စစ်မြေပြင်တွင် မပျက်စီးစေလို

" ဝမ်ဝမ် သားငယ်~"

" မားမား "

ကမ္ဘာပျက်သကဲ့သို့ တိုင်းပြည်တစ်ခုလုံး
အစိတ်စိတ်အမွှာမွှာ
အော်ဟစ်ငိုကြွေးသံများသည်ကား ငရဲခံ
နေရသကဲ့သို့ ကြားရခက်လှပေသည်။
ဧကရီသည် သားတော်ကို ရင်၌ ထွေးပွေ့ကာ
ငိုကြွေးလျက်ရှိ၏
နေ့ချင်းပြောင်းလဲသွားတဲ့ကံကြမ္မာ
အပြစ်မရှိတဲ့ လူအပေါင်းကို ဘေးသင့်စေလေပြီ ဖြစ်သည် ။ အမျက်လောဘကြီးမားသော ရှောင်းမျိုးနွယ်သည် သူ့တို့အတွက်
စက်စုပ်ဖွယ်

" သားဝမ်ကျိုးချန် ဝမ်ဝမ်လေးကို ခေါ်ပြီး
မင်းနောင်တော်တို့နဲ့ ပြေးတော့ "

"မားမား !!"

"တုန်လှုပ်နေဖို့ အချိန်မရှိဘူးသွားတော့ !!!"

မင်းသားငယ် ဝမ်ကျိုးချန်သည် မျက်ရည်တွေနဲ့
မိခင် ရင်ခွင်ထဲက ညီတော်ကို အသာထွေးပွေ့လို့ အမြန်ပြေးသွားတော့သည်။
ဧကရီကလား ..ဧကရီက ထွက်ပြေးစရာတဲ့လား
သူ(မ) အသက်တမျှမြတ်နိုးရတဲ့မောင်တော်ကို
ထားခဲ့ပြီးလေ

ကံကောင်းထောက်မစွာ လက်အောက်ခံ
နောင်တော် နှစ်ဆယ့်နှစ်ပါးနဲ့အတူ ဝမ်မင်းသား
နှစ်ပါးသည် ထိုငရဲတွင်းမှ ကပ်သီလေး
လွှတ်မြောက်လာခဲ့ကြသည်။
ကျန်ရှိနေသော တိုင်းပြည်သည်ကားအလဲလဲအပြိုပြို ဝမ်မျိုးနွယ်စုသည်မှာတော့
ရှောင်မျိုးနွယ်စု၏ ခြေဖဝါးအောက်သို့

"ဤဆူးတော်နှလုံးအိမ်၌ထာဝရတည်စေတည်း " "ဤဆူးတော်နှလုံးအိမ်၌ထာဝရတည်စေတည်း "Where stories live. Discover now