Uni
----
ဒေါသတကြီး ပြန်လာတဲ့ အိမ်ရှေ့စံနောက်ကို
ကုန်းကုန်းတို့ခဗျာ ကြောက်ကြောက်လန့်လန့်
ဖြင့်မီးပုံးလေးများ ကိုင်ပြီး လိုက်နေရရှာသည်။
သူတို့ အိမ်ရှေ့စံ ဒီလောက် ဒေါသထွက်နေတာမျိုး တစ်ခါမှ မတွေ့ဖူးသေးလို့ဖြစ်သည်။
အမြဲအပြုံးချိုချိူနဲ့ အေးချမ်းနေတတ်တဲ့ အိမ်ရှေ့စံက မင်းတရာကြီး ဆီကအပြန်မှာတော့ ဒေါသ များစွာထွက်နေခဲ့၏"အိမ်ရှေ့စံ အလျင်လိုနေတာပါလား"
" မင်လူကြီးမင်း ကျေးဇူးပြုပြီး ကျွန်ုပ်လမ်းက
ဖယ်ပေးပါ""ဟိုးဟိုး နေပါအုံး ညီတော်ရယ်"
ရှောင်းကျန့်က ကျစ်ခနဲ စုတ်သတ်လိုက်ပြီး
မျက်နှာထားကို တင်းမာထားသည်။
ခမည်းတော်နားကို သတင်းပို့တာလည်း
အကိုတော်တွေက လွဲလို့ ကျန်သူ မဖြစ်နိုင်
အရည်အချင်း မယှဉ်နိုင်လို့ နေရာမရတာကို
အမြဲတမ်း မမှီရာနှင့်လိုက်ပြိုင်နေရတာ
မမောဘူးလား ဟု ရှောင်းကျန့် သိချင်မိတယ်" အကိုတော်က ဘာလို့များ ကိုယ့်ကိစ္စမဟုတ်
တာတွေကို တအား ဝင်ပါချင်ရတာလည်း""အိမ်ရှေ့စံ မင်းတအားဒေါသထွက်နေတာပဲ
မင်းခမည်းတော်က ဘာများ ပြောလိုက်လို့
လည်း""မင်လူကြီးမင်းရဲ့ ကိစ္စမဟုတ်ပါဘူး"
တင်းမာနေတဲ့အခြေအနေနဲ့အတူ အေးစက်လာ
တဲ့ လေထုကြောင့် ကုန်းကုန်းခဗျာအချမ်းပို
လာသလားဟုပင်ခံစားနေရသည်။
ဦးလေးရဲ့သားဖြစ်သူ ဟာ သူတိူ့ အဖေရှိ
စဉ်ကတည်းက ဧကရာဇ်နေရာကို
ချောင်းမြောင်းနေသူ ဖြစ်၏
ဧကရာဇ် အမိန့်နဲ့ တမံတော်ကြီးနှင့်အတူ
နယ်နိမိတ်နိုင်ငံတွေဆီ လိုက်ပါသွားရပြီး
အခုလည်း ပြန်ရောက်ရောက်ခြင်းရှောင်း
ကျန့်ကိုပြဿနာရှာချင်နေသည်။" ဧကန အိမ်ရှေ့စံခေါ်ထားတာ နန်းကျမင်းသား
လေးတော့ မဟုတ်ပါဘူးနော်"" အဓိပ္ပာယ်မရှိတာတွေလာပြောမနေနဲ့
မင်လောင်ဟူ!!"နားနား ကပ်ပြီးလာပြောတဲ့စကားကြောင့်
ရှောင်းကျန့်က အကိုတော် ကို တွန်းထုတ်လိုက်၏ထိုအခါ မင်ဟောင်ဟူ ထံမှအော်ရယ်သံ
ကျယ်ကျယ်လောင်လောင်ထွက်လာတော့သည်။ကုန်းကုန်းမှာတော့ မီးပုံးကိုချရင်း
နဖူးနဲ့ ကြမ်းပြင် ထိကပ်ထားရရှာသည်မှာ
သနားစရာ
YOU ARE READING