Uni
--
ညနေခင်းရဲ့ နေရောင်ဖျော့ဖျော့
တောင်တန်းတွေကြား ပုန်းလျှိုးပြောက်
ကွယ်သွားချိန်တွင် မြို့ထဲရှိ စျေးတန်းထဲမှာ
မီးပုံးလေးများ ပိုမိုအရောင်တောက်ပလာခဲ့
သည်။" ဟွား~"
"ဟုတ်ကဲ့ "
" ဟို ဆိုင်သွားရအောင်"
မဝံ့မရဲဖြစ်နေတဲ့ ကျိုးချန်လက်ကိုပိုင်လျန်ဟွား
ကဘဲ ခပ်ဖွဖွဆုပ်ကိုင်လျက်တဲ့အခါ
ထိုလူပျိုကြီး၏မျက်ဝန်းအိမ်ကလေး
များလင်းလက်သွားရှာသည်။
သူ့လက်ကြီးတွေကြား နစ်မြုပ်နေရှာတဲ့
လက်ဖြူဖြူသေးသေးလေးကို ကြည့်ရင်း
ဝမ်ကျိုးချန်မှာ ကြည်နူးလွန်းလို့ မပြုံးဘဲပင်
မနေနိုင် တရားမမျှတတဲ့လောကြီးမှာ ဒီလို
အလှတရားမျိုးလည်းရှင်သန်နေသေးတာပဲ" မြေအိုးဆိုင်က သခင်လေး ကျိုးချန်ပဲ"
"အလှဆုံး လေးပြပေးပါလား လောင်ပန်"
ဝမ်ကျိုးချန်ရဲ့ အပြုံးချိုချိုနှင့် စကားပြေပြေ
ကြောင့် ဆိုင်ရှင်က သူဖွက်ထားတဲ့ ကတ္တီပါဗူး
လေး ထုတ်ပြလာခဲ့သည်။ ထိုထဲတွင်
ချစ်စဖွယ် ရောင်စုံ ကျောက်ကလစ်
ဆံညှပ်ကလေး တစ်ခု နေရာယူလျက်" မင်းအတွက် .."
" ချန်ကော ပန်ပေးမလားဟင် "
ကျိုးချန်က ခေါင်းကို တစက်စက် ငြိမ့်ပြ
လာသည်။ စည်းနှောင်ထားတဲ့ဆံသားညိုညို
တွေကြောင့် သူပန်ဆင်ပေးလိုက်တဲ့
ဆံညှပ်လေးက ပိုလှသွားသလို
လောင်ပန်ကို ကျေးဇူးတင်တဲ့အနေနဲ့
အပိုငွေပါ ပေးခဲ့ပါသေးတယ်" ကိုယ်တို့က ဝမ်မျိူးနွယ်ကဆိုတာ သိနေခဲ့တာ မလားဟွား"
" ဟွားက ဘာမှမဟုတ်ပေမယ့် ကော
အတွက်ဆိုရင် ဘာကိုမဆိုမျက်ကွယ်ပြုပေး
နိုင်ပါတယ်"ဆုတောင်းခန်းမထဲက မီးနီနီဟာ
ပိုင်လျန်ဟွား မျက်နှာကို နီမြန်းစွာ အရောင်
ဟပ်လျက် ပိုင်လျန်ဟွားဟာနန်းတွင်းထဲက
အပျိုတော်ဆိုတော့ရောဘာဖြစ်သေးလည်း
ဝမ်ကျိုးချန်က ဒီနွံထဲကနေ သူ့ညီကိုရော
လျန်ဟွားကိုရော ခေါ်ထုတ်ဖို့ တွေးထားခဲ့ပြီးသား ပဲဖြစ်တယ်
YOU ARE READING