Prologue

68 5 0
                                    

သူ့ကမ္ဘာကြီး အပိုင်းပိုင်းကွဲကြေသွားသည့်အခါ သူ့ထံတွင် မျှော်လင့်ချက်ပျက်သုဥ်းခြင်းမှလွဲ၍ ဘာမှမကျန်ရှိတော့ပေ။

ဤခေတ်ကာလတွင် ‌အမျိုးသားများသည် အချင်းချင်း လက်ထပ်နိုင်သည့်အပြင် ကိုယ်၀န်ပင်လျှင် ဆောင်နိုင်ကြသည်။

လီရှောင်းက ချန်းမုကို လက်ထပ်ခဲ့ပြီးချန်းမုသည် သူ့အား ကြင်နာယုယစွာ ဆက်ဆံသဖြင့် အခြားသူများ အားကျရသည့် ဆက်ဆံရေးတစ်ခုဖြစ်ခဲ့သည်။

သို့သော် သူ့၀မ်းဗိုက်ထံမှ သတင်းစကားမကြားရသည့်အခါ သူတို့ကမ္ဘာလေး ပြောင်းလဲသွားတော့သည်။

လီရှောင်းသည် မိသားစုမျိုးဆက်မပျက်စေရေးအတွက် ယောက္ခထီးဖြစ်သူနှင့် ကိုယ်လက်နှီးနှောရန် အတင်းအကြပ် ဖိအားပေးခံခဲ့ရသည်။

ပျော်ရွှင်မှုကို ရယူနိုင်ရန်အတွက် သူလုပ်နိုင်သည့်အရာများစွာ ဤကမ္ဘာ၌ ရှိနေခဲ့သည်လေ။

ကိုယ့်ကိုယ်ကိုယ် လိမ်လည်လှည့်စားရတဲ့နေရက်များသည် ဘယ်တော့များမှ အဆုံးသတ်တော့မည်နည်း။

ကံကြမ္မာ‌ဆုံစည်းပေးသောချစ်ရသူWhere stories live. Discover now