ချန်းဟိုင်အခန်းထဲသို့ ၀င်လာသည့်အခါ အခန်းမီးက ပွင့်သွားပြီး လီရှောင်းသည် ဗလာကျင်းနေသည့် မျက်နှာထားဖြင့် ကုတင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ချန်းဟိုင်၏နှလုံးသားက လေးလံသွားကာ စကားတစ်ခွန်းမျှပင်မပြောတော့ဘဲ ကုတင်ဆီသို့ သွားသည်။ ထို့နောက် သူ့လက်ချောင်းများကို မထိ စေဘဲ ဘေးသို့ လှဲချကာ မျက်လုံးမှိတ်၍ အိပ်လိုက်သည်။
သို့ပေမဲ အိပ်ယာပေါ်တွင် ကျောပေးထားကြသည့် လူနှစ်ယောက်လုံးမှာ ယနေ့ညသည် အိပ်မပျော်နိုင်မည့်ညတစ်ညဖြစ်လိမ့်မည်ကို သိနေကြ၏။
နောက်တစ်နေ့တွင် ချန်းဟိုင်က ဧည့်ခန်းထဲတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး သူ့ဇနီး ယွီလိချင်းက မြေပြင်ပေါ်တွင် ထိုင်ငိုကာ ကျိန်ဆဲနေသည်။ ချွေးမဖြစ်သူ လီရှောင်းသည် အသက်မရှိသကဲ့သို့ဖြစ်ပြီး သားဖြစ်သူ ချန်းမုသည်လည်း နှုတ်ဆိတ်နေသည်။ အိမ်ထောင်ဦးစီးတစ်ယောက်အနေဖြင့် ချန်းဟိုင်တစ်ယောက် သူ့ရင်ဘတ်ထဲတွင် တစ်ခုခုပိတ်ဆို့နေသည်ဟုသာ ဒီအချိန်မှာ တွေးနိုင်တော့သည်။
ထိုနေ့ညတွင် ယောက္ခမဖြစ်သူ ယွီလိချင်းက မျက်ရည်များ ကျဆင်းနေတဲ့မျက်နှာနှင့် သူ့ချွေးမ၏ အခန်းထဲသို့ ဖျော်ရည်တစ်ခွက် ယူလာကာ လီရှောင်းကို သောက်ခိုင်းသည်။
ညသန်းခေါင်တွင် လီရှောင်းသည် တွန့်လိမ်လူးလွန့်ကာ နာကျင်စွာဖြင့် အိပ်ယာပေါ် လှဲနေပြီး မျက်ရည်များက အဆတ်မပြတ် ကျဆင်းနေကာ ချန်းဟိုင်ကမူ ၀န်လေးနေသည့်မျက်နှာဖြင့် တံခါးဘေးတွင် ရပ်နေသည်။ သူ့အနောက်ဘက်ရှိ တံခါးက သော့ခတ်ထားခံရပြီး ပို၍တောင် ရက်စက်ကြမ်းကြုတ်စွာဖြင့် တစ်ယောက်ယောက်က တံခါးအား ဗီရိုတစ်လုံးဖြင့်ပင် တွန်းပိတ်သံကို ကြားလိုက်ရသည်။
" ပါး...ပါး...ပါး "
ချန်းဟိုင်၏မျက်၀န်းများ တဖြတ်ဖြတ်ဖြစ်သွားပြီး နောက်ဆုံးတွင် သူက ကုတင်ဆီသို့ ချဉ်းကပ်၍ ထိုလူကို ဖိလိုက်သည်။ ထို့နောက် သူ့အောက်တွင်ရှိသည့် လူ၏ နား အနားသို့ မျက်နှာကပ်ကာ လေးပင်သည့်အသံဖြင့် ပြောသည်။