"အချစ်"
"အင်း"
ကိုယ့်ရဲ့ရှိသမျှကုမ္ပဏီကအလုပ်တွေတောင် ဖျက်ပြီးချစ်သူလေးရဲ့ studio ထဲထိလာတွေ့သော်လဲ producer ချစ်သူလေးကသူရောက်ထဲက သူ့ကိုတောင်အာရုံမရဘဲ အလုပ်ကိုသာသည်းမဲပြီးလုပ်နေတော့သည် အခုလဲကြည့်သူခေါ်နေတာကို လှည့်တောင်မကြည့်ဘဲ ပါးစပ်ကနေသာ အင်းတလုံးထဲဖြေနေတာဘဲကြည့် အသေးလေးကတော့ စိတ်ရှိလက်ရှိအကုန်သိမ်းကကြုံးပြီးဖက်နမ်းပစ်လိုက်ရမှ ဟင်းးး အဲ့လိုလုပ်လိုက်ရင်လဲ တော်ကြာနှင်ထုတ်လိုက်မှဖြင့်
"အချစ်လို့"
"အင်းလို့"
"ကိုယ်ခေါ်နေတယ်ကွာ ကိုယ့်ကိုကြည့်"
"ခနလေး ဆွန်းယောင်းနား ဒါလေးပြီတော့မှာခနဘဲ"
ဟုတ်ပါသည် အီဂျီဟွန်းမဟုတ်ပါသလား အီဂျီဟွန်းအလုပ်သရဲ အီဂျီဟွန်းအလုပ်သရဲလေး အလုပ်သရဲလေးကတော့အလုပ်လုပ်ေနရရင် သူ့ရည်းစားတောင်ပစ်ထားနိုင်ပါသည်။
"အချစ်ကလဲကွာ ကိုယ့်ကိုတချက်လောက်တော့ကြည့်ပါအုံး ကိုယ်မှာရောက်နေတာကြာလှပြီ အချစ်ကအဲ့အလုပ်တွေဘဲကုန်းလုပ်နေတာ ကိုယ့်ကိုမကြည့်သေးဘူး"
"အင်းပါ အင်းပါ ခနလေးဘဲနော်"
ကြည့်အရေးမလုပ်ပုံက ဒီလောက်ပြောနေတာကို အလုပ်တွေမအားတဲ့ကြားကချစ်သူလေးကိုလွမ်းလွန်းလို့ လာတွေ့ပါတယ်ဆိုမှ တော်ပြီ ပြန်တာဘဲကောင်းတယ်
"အေး အလုပ်ဘဲဆက်လုပ်နေတော့ ရောက်လာတာအနှောက်အယုက်ဖြစ်နေအုံးမယ်နော် သွားတော့မယ်အလုပ်တွေထားပြီးလာခဲ့ရတာ နောက်မှဖုန်းဆက်လိုက်မယ် အော် မင်းအားမှသာဆက်လိုက်ပါ မဟုတ်ရင် ငါ့ဘက်ကဘဲခေါ်နေလို့မအားတဲ့သူအနှောက်အယုက်ဖြစ်နေမယ်"
ဒါမျိုးတွေက အီဂျီဟွန်းအတွက်ရိုးနေပါပြီ အမြဲဒီတိုင်းသူအလုပ်လုပ်နေလို့ရောက်လာရင် သူ့ကိုစကာစပြန်မပြောနေကျကို ထပ်ပြီးစိတ်ဆိုးကာပြန်မည်လုပ်သည် ဖြစ်သည် ပြီးကျသူဘဲပြန်လာမှာကို အရူး
"အေး အေး သွားတော့နော် လိုက်မပို့တော့ဘူး"
"တကယ်ပြန်ပြီနော်"
YOU ARE READING
jagiya~ (soonhoon one shot)
Historia Corta"အချစ်" "အင်း ဆွန်းယောင်းနား" "ဒါလင်လို့ခေါ်" "မခေါ်ပါဘူး" "မခေါ်ဘူးလား" "မခေါ်ဘူး" *ပြတ်စ် "မခေါ်ချင်အုံး"