"အန်တီ"
"ဟင်"
"ဒီနေ့ကဘာနေ့လဲသိလား"
"ဟင့်အင့်မသိဖူး"
"မသိလည်းရတယ်ကျွန်တော်ပြောပြမယ်"
"အင်းပြော"
"ဘဝမှာပထမဆုံးချစ်ဖူးတဲ့အမျိုးသမီး၊အချစ်ဦးလို့နာမည်ရှိတဲ့အမျိုးသမီး၊လက်ထပ်ပွဲကို၃ပွဲလုပ်ချင်ပါတယ်ဆိုတဲ့အမျိုးသမီး၊ဒီအမျိုးသမီးနဲ့လက်ထပ်ထားတာ၅လပြည့်တဲ့နေ့ရောက်ခဲ့ပြီ"
"၅လ...?"
"ဟုတ်တယ်အန်တီ၊ကျွန်တော်အန်တီ့ကိုပိုင်ဆိုင်ထားတာ၅လရှိပြီ"
"..."
"ဒါမယ့်လေနာမည်ခံသာကျွန်တော်ပိုင်ဆိုင်တယ်ဆိုတာပြတာတကယ့်တကယ်ကျကျွန်တော်ပိုင်ဆိုင်သေးတာမဟုတ်ဖူး"
"..."
"တစ်ခါတစ်လေကျွန်တော်ဟိုး....ကောင်းကင်ပေါ်ကလကိုငေးနေရသလိုဘဲ
ကိုယ်နဲ့နီးတယ်ထင်ပေမယ့်တကယ်တမ်းကျအဝေးကြီးဖြစ်နေတာ...""..."
"ရွတ်..ကဲ..အန်တီအိမ်ထဲဝင်တော့မိုးအေးတယ်ဖျားလိမ့်မယ်"
"အွန်းမင်းကကော"
"ခဏလောက်ထိုင်လိုက်ဦးမယ်"
"မကြာစေနဲ့နော်"
"ဟုတ်ကဲ့"
"ယဥ်နင်လုပ်ရပ်ကမှားနေပြီလား"ဒီလိုလုပ်တာကတစ်ဖက်သူကိုနာကျင်ရတယ်"အတွေးပေါင်းများစွာဝင်ရင်းယဥ်တစ်ယောက်တော်တော်နဲ့အိပ်မပျော်ခဲ့သလိုအိမ်ရဲ့ခြံထဲမှာလည်းအတွေးတွေများစွာနဲ့နေနေတဲ့ခွန်းလေးတစ်ယောက်လည်းအိပ်မပျော်ခဲ့ပေ.....
"ခွန်း"
" အင်းဆုပန်"
"နင်ဘယ်ဆေးရုံမှာအလုပ်သင်လုပ်မာလဲ"
"ငါ့အမေလုပ်နေတဲ့ဆေးရုံဘဲဆင်းမယ်တွေးထားတယ်"
"ငါလည်းဆင်းချင်တယ်"
"ကူပြောပေးမယ်လေ"
"အွန်း၊ဒါနဲ့လေ..."
"အင်း"
"နင့်အန်တီကိုတကယ်လက်လွှတ်နိုင်လား"
"ဟင့်အင့်...ငါလက်မလွှတ်နိုင်ဖူး..ဒါပေမယ့်..."
YOU ARE READING
"ကျွန်တော့်ရဲ့ဒေါက်တာ" [ Complete ]
RomanceဒီFicမဖတ်ခင် မောင့်ရဲ့ဒဏ်ရာFicလေးကို အရင်သွားဖတ်ပေးကြပါ။မဟုတ်ရင်လူတွေရောကုန်ပါလိမ့်မယ်ဗျာ့