Ep. [ 10 ]

1.7K 79 11
                                    

Ep. [ 10 ]

Uni ver

"မင်္ဂလာပါခင်ဗျ"

တစ်ဖက်က ကုမ္ပဏီ ရဲ့သူဌေးဖြစ်လောက်မဲ့လူက ဘာစကားမှမပြောပဲ ကြောင်ကြည့်နေတာကြောင့် သူ့ဖက်ကပဲနှုတ်ဆက်စကားဆိုလိုက်ရသည်။

"အဟမ်း ဟုတ် ဟုတ်ကဲ့ မင်္ဂလာပါဗျ"

"ဟုတ်ကဲ့ဗျ"

"ဒါက မင်းရဲ့ကိုယ်ရေးအချက်အလက်နော်"

တစ်ဖက်လူကမေးလာတာကြောင့်လွှမ်းလည်း ပြုံးပြီး

"ဟုတ်ပါတယ်ခင်ဗျ"

"မနက်ဖြန်ကစပြီးအလုပ်ဆင်းလို့ရပြီ"

"ဗျာ"

ဘာမှမမေးမမြန်းပဲတန်းအလုပ်ခန့်လိုက်တာကြောင့် လွှမ်းခေါင်းပေါ်မှာ question mark တွေတန်းစီပေါ်လာရသည်။ သူကနောက်အလုပ်ရဖို့ခက်ခဲအုံးမယ်ထင်ထားတာ။ ဒီအလုပ်ခေါ်စာကလည်းသူ့အိမ်ရှေ့မှာတွေ့လို့သူ ကြိုးစားကြည့်မယ်ဆိုပြီးလာလျှောက်ကြည့်ခြင်း။ အလုပ်တန်းရမယ်လို့ဘယ်သူကထင်မှာလဲ။

"မနက်ဖြန် 8:00 ကုမ္ပဏီကိုလာခဲ့ပါ"

"ဟုတ်...ဟုတ်ကဲ့ဗျ"

အတန်ကြာတိတ်နေပြီးမှ လွှမ်းဖက်ကနေပဲ

"ဒါဆို သွားခွင့်ပြုပါအုံးခင်ဗျ"

တစ်ဖက်လူကခေါင်းငြိမ့်ပြလာမှ လွှမ်း လည်းရုံးခန်းထဲကထွက်လာခဲ့သည်။ အလုပ်အလွယ်တကူရသွားတာမို့ဘာမှမစဥ်းစားတော့ပဲ ေပျာ်ပျော်ရွှင်ရွှင်သာအိမ်ပြန်လာခဲ့လိုက်သည်။

"Boss နောက်ဆုံးကျန်တဲ့တစ်ယောက်ကရော"

"အထဲခေါ်လိုက်"

နိုင်း နောက်ဆုံးကျန်တဲ့တစ်ယောက်ကိုတစ်ယောက်ကို interview ပြီး
"ဒါဆို နောက်မှဆက်သွယ်လိုက်ပါ့မယ်"

"ဟုတ်ကဲ့ သွားခွင့်ပြုပါအုံးဗျ"

ထိုလူထွက်သွားမှ zeroလည်း သူ့Bossဖက်ကိုလှည့်ကာ

"Boss နေ့လယ်တောင်ရောက်ပြီ lunch စားတော့မလား"

"မင်း ဘယ်မှာစားမယ်စိတ်ကူးထားလဲ"

Boss အမေးကြောင့် zero ခနတွေးတောလိုက်ပြီး

"ကျွန်တော်ကတော့ ဘယ်မှာစားစား ဖြစ်ပါတယ် ပုံမှန်ဆိုလဲ ဖြစ်သလိုစားနေကျဆိုတော့ Bossအတွက်ကတော့ ကျွန်တော် Hotel မှာစီစဥ်ထားပါတယ်"

My Possessive Nine [ Ongoing ] Where stories live. Discover now