Part-1 First luv (。'▽'。)♡

191 20 6
                                    

အရောင်စုံလှသောပန်းကလေးများ၊ စိမ်းစိုနေသောအပင်များနှင့်အတူ campusတစ်၀ိုက် လှုပ်ရှားသွားလာနေကြသောကျောင်းသားများနှင့်အတူ တက္ကသိုလ်ကြီးမှာ အသက်၀င်နေလှပေသည်။campusတစ်၀ိုက် ဟိုတစ်စု သည်တစ်စုဖြင့် အုပ်စုဖွဲ့ကာ စနောက်စကားပြောနေကြသောကျောင်းသားများကို တွေ့နိုင်ပေသည်။အရာအားလုံးဟာလည်း သူ့ဟာနဲ့သူ ဖြစ်နေကာ အေးချမ်းနေပါတယ်။

ထိုအေးချမ်းနေတဲ့အချိန်အခိုက်အတန့်ကို ရုတ်ကရက်၀င်ရောက်ဖျက်ဆီးလိုက်တာကတော့

"ဟန်ထယ်ဆန်း နဲ့ ဂင်ဂယူဗင်း ဘောလုံးကွင်းမှာရန်ဖြစ်ကြလို့တဲ့။ "

"နှစ်စပဲရှိသေးတယ်။ ရန်ဖြစ်ကြပြီလားဟ သူတို့က။"

"ဆရာတွေကိုသွားခေါ်ကြ မြန်မြန်။ "

"ငါတို့ကတော့ ထယ်ဆန်းဘက်ကပဲ။ "

"ငါတို့မင်းသားလေးဂယူဗင်းဘက်ကကွ။ "

စောနလေးတင်ပဲ အေးချမ်းနေတဲ့ပတ်၀န်းကျင်ဟာ တစ်စတစ်စပြောသံတွေနဲ့ ဆူညံသွားရတော့လေသည်။

♪☆\(^0^\) ♪(/^-^)/☆

ယူဂျင်း တစ်ယောက် ဒီနေ့တက္ကသိုလ်ပထမဆုံးတက်ရမယ့်နေ့ဖြစ်လို့ စိတ်လှုပ်ရှားနေမိတယ်။ဟျောင်းကကိစ္စရှိလို့ဆိုကာ အိမ်ကနေအစောကြီးထွက်သွားသဖြင့် ယူဂျင်း အိမ်က ဦးလေးကြီးကိုမောင်းပို့ခိုင်းရလေသည်။တက္ကသိုလ်နှင့်နီးလာလေလေ ယူဂျင်းမှာပို၍စိတ်လှုပ်ရှားလာလေ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူအထက်တန်းပထမနှစ်ကတည်းက အရိပ်လိုကြည့်လာသူကို ယခုပေါ်ပေါ်ထင်ထင်တွေ့နိုင်ပေတော့မည်။

သူ့အကြောင်းတွေးမိသည် ယူဂျင်းမှာ ပြုံးခနဲဖြစ်သွားလေသည်။တက္ကသိုလ်၀န်းထဲရောက်ပြီဖြစ်သောကြောင့် ယူဂျင်း အတွေးတို့ကိုရပ်ကာ ကားပေါ်ကဆင်းလေသည်။

"ယူဂျင်းလေး ဦးလေးလိုက်ပို့ပေးရအုန်းမလား ကလေး။"

"ရတယ် ဦးလေးမင် ။ ကျွန်တော်ကိုယ့်ဘာသာပဲသွားလိုက်တော့မယ်ဗျ။ စိတ်မပူပါနဲ့ဦးလေး။ ဟျောင်းလည်းရှိပါတယ်။ "

"အာ့ဆို ဦးလေးသွားပြီနော် သား။ "

"ဟုတ် ဂရုစိုက်သွားပါ ဦးလေး။ "

Boundary Between Us Where stories live. Discover now