Part-5 The days of butterflies're flying in the stomach ๑♡∀ p-2

66 15 0
                                    

ထိုနေ့ညပြီးတော့ ယူဂျင်း ကိုကိုနှင့်မတွေမိသည်မှာ တစ်ပတ်လောက်ပင်ကြာသွားလေသည်။ ယူဂျင်းလည်းမေဂျာကactivitiesတွေကြောင့် ကိုကို့ကိုသွားရှာချိန်ပင်မရ။ ဒီကြားထဲပန်းချီအိမ်စာတွေကတောင်လိုပုံနေတော့ ယားလို့ပင်မကုတ်အား။

ကိုကိုကတော့ သူမရှာသည်နှင့် အရိပ်ကိုပင်မမြင်ရ။ မကောင်းတဲ့ကိုကို။ သူလာမတွေ့လည်းဘာဖြစ်လဲ ယူဂျင်းဒီနေ့တော့သွားတွေ့ရမည်ဟူသော စိတ်ဖြင့် ကိုကို့မေဂျာဆောင်ဘက်ကို ခြေလှမ်းမည်အပြု လွယ်အိတ်ကိုဆွဲထားသည်ကြောင့်ကြည့်လိုက်တော့ ဂင်အွန်းဟက်။

"ဟျောင့် လွတ်ကွာ။ "

"မင်းဘယ်ကိုသွားမို့တုန်း ဟန်ယူဂျင်း။ ဟေ့ကောင် မင်းလစ်ပြေးမို့တော့မလုပ်နဲ့နော်။ "

"အွန်းဟက်ရာ လွှတ်ကွာ။ ငါ့ကိုကို ကိုမတွေ့တာကြာပြီကွာ။ သွားချောင်းမလို့။ "

"na..ahပါ။ သွားမယ့်ခြေထောက်လေးတွေကို တပ်ပြန်ခေါက်လိုက်။ "

"ဟေ့ကောင်။ သည်းမခံဘူးနော်အဲ့တာတော့။ ထိုးမှာနော်။ "

"လက်ညိုးနဲ့လား။ လာခဲ့ ဟန်ယူဂျင်း။ မင်းကိိုကိုနောက်ထား အခုproject လာလုပ်။"

သည်လိုဖြင့် အွန်းဟက်အဆွဲကောင်းမှုကြောင့် ယူဂျင်းကိုကိုဆီသွားဖို့ကို တပ်ပြန်ခေါက်လိုက်ရသည်။ ယူဂျင်းတို့ ပရောဂျက်အတွက်လုံးပန်းနေသဖြင့် ညနေစောင်းလောက်မှပြန်ရသည်။ ကျောင်း၀န်းအတွင်း လူအနည်းငယ်ရှင်းသွားပြီ ဖြစ်သည်။

ကိုကိုက အခုချိန်လောက်ဆိုပြန်သွားလောက်ပြီ။ ယူဂျင်းလည်းအိမ်ပဲပြန်တော့မည်ဟု တွေးကာ ဘတ်ကားမှတ်တိုင်ဘက်ကိုလျှောက်လာလိုက်သည်။

ဘတ်ကားမှတ်တိုင်ဘက်ကိုမရောက်ခင် လမ်းကြားတစ်ခုထဲ၌သူအထက်တန်းတုန်းက ပြဿနာဖြစ်ခဲ့သောကျောင်းသားအုပ်စုနဲ့တိုးလေသည်။ ထိုလူတွေကယူဂျင်းကို မှတ်မိဟန်မရှိသော်လည်း ယူဂျင်းကတော့အသေအချာကြီးမှတ်မိသည်။ ကိုကိုနဲ့တွေ့ဖို့အကြောင်းဖန်လာသည့်အရာတွေထဲကတစ်ခုမလို့ ယူဂျင်းကောင်းကောင်းကြီးမှတ်မိပါသည်။

Boundary Between Us Donde viven las historias. Descúbrelo ahora