Part-4 The days of butterflies're flying in the stomach ๑♡∀ p-1

82 15 0
                                    

ယခုလက်ရှိ ထယ်ဆန်းရဲ့ moodဘယ်လိုလဲဆိုတော့ 'နံနက်ခင်းလေးမှာ နိုးလာခဲ့။ အရင်ဆုံးမင်းကိုလွမ်းပါတယ်။' ဆိုတဲ့ moodကြီး။ ညတုန်းက သူ့အလှလေးကြောင့် အိမ်မက်တွေဟာလှပခဲ့။

နံနက်ခင်းကြားနေကျငှက်ကလေးအသံဟာ အရင်နေ့တွေနဲ့မတူစွာ ငှက်ဆိုးထိုးသံမဟုတ်ဘဲ သာယာချိုမြနေသယောင်။ ပြတင်းပေါက်ကကျ​ရောက်လာတဲ့ နေခြည်နွေးနွေးကပင် သူ့ကိုအားတွေဖြစ်စေသလို။ ယနေ့တော့ alarmကသူ့ကိုမနှိုးရဘဲ သူကalarmပိတ်ဖို့ ပြန်စောင့်နေရတဲ့အဖြစ်။ အလိုမကျစွာ မျက်မှောင်ကြုတ်မှုများသာများသည့် သူ့မျက်နှာထက်တွင် အပြုံးပန်းတွေမှာဝေဆာနေသည်မှာ မနက်နိုးလာကတည်းကပင်။ ထယ်ဆန်း ကိုယ့်အဖြစ်ကိုယ်သဘောကျစွာရယ်လိုက်ရင်း ရေချိုးရန်ပြင်လေသည်။

လူတွေ..လူတွေ.အချစ်နဲ့တွေ့ရင် တယ်ပဲအပြောင်းအလဲမြန်သကိုး။

ထယ်ဆန်းရေချိုးပြီးတော့ တစ်ဖက်အခန်းမှာအိပ်နေတဲ့ယူဂျင်းကို သွားနှိုးဖို့အလုပ်။

"ဟျောင်း နိုးနေပြီလား။ "

"ယူဂျင်းကနိုးပြီလား။ အကုန်တောင်ပြင်ဆင်ပြီးပြီပဲ ။ "

"ဟျောင်းသူငယ်ချင်းက ကိစ္စရှိလို့ မနက်စာပြင်ပြီးထွက်သွားပြီ။ ဟျောင်းဒီနေ့ထူးထူးဆန်းဆန်းအစောကြီးနိုးနေပါလား။ ကျွန်တော် ခနနေလာနှိုးတော့မလို့။ "

"ဒီလိုပါပဲ။ အိပ်လို့မရတော့လို့လေ။ မနက်စာစားပြီးရင် ကျောင်းသွားတာပေါ့။ "

"ဟျောင်း ဒီနေ့အတန်းတက်မလို့လား။ "

"အင်းလေ။ ဘာဖြစ်လို့လဲ။ "

ယူဂျင်းနှုတ်ခမ်းလေးမှာ အိုပုံစံဖြစ်သွားရပြီး ထယ်ဆန်းနဖူးကိုအပြေးသွားစမ်းကာ။

"ဟျောင်း နေမကောင်းဘူးလား။"

"ကောင်းပါတယ်။ ကဲ ယူဂျင်းရှီ စကားအရမ်းများတယ်။ မနက်စာစားတော့။ "

"ဟုတ်.ဟျောင်း။"

မနက်စာစားပွဲ၀ိုင်းလေးဟာ စားတဲ့သူကစား၊ တွေးတဲ့သူကတွေးဖြင့် တိတ်ဆိတ်လျက်။

"ဟျောင်း ကျွန်တော်စားလို့ပြီးပြီ။ "

"အာ့ဆို သွားကြမယ်လေ။ လာ ယူဂျင်းနီး။"

Boundary Between Us Kde žijí příběhy. Začni objevovat