Part_5

15 0 0
                                    

Unicode

"ဒယ်ဒီ..."

"​ဟွန်..."

ဦးချိန်းသော် သမီးလေး ၏အခေါ်ကိုပြန်ထူးလိုက်ပေမယ့်...မျက်လုံးကတော့ လပ်တော့ပ် မှမခွာ...ဦးချိန်းသော်၏လက်ချောင်းများက လပ်တော့ပ် ပေါ်တွင်ပြေးလွှားနေပြီ...အာရုံစိုက် များမှု ကြောင့် မျက်ခုံးနှစ်ခုသည် သူ့အလိုလျှောက် ကျုံ့လျက်သား...။

"သွယ်...ဒယ်ဒီကို တောင်းဆိုစရာရှိတယ်..."

"ဟင်.."

သမီးဖြစ်သူ၏တောင်းဆို
စရာရှိသည်ဆိုသောစကားကြာင့်ဦးချိန်းသော် လပ်တော့ပ် ကိုပိတ်လိုက်ပြီး...မျက်မှန်ကို ချွတ်ကာ ခုံပေါ်သို့အသာလေးချပြီးနောက် သမီးလေးကိုကြည့်လိုက်သည်...။ သမီးလေး၏မျက်နှာကတော့ တစ်ခုခုကိုစိုးရိမ်နေသည့် အရိပ်အရောင်ကိုတွေ့နေရသည် မို့...

"ပြောလေ...ဒယ်ဒီဘာလုပ်ပေးရမလဲ"

"သွယ်မှာချစ်ရတဲ့သူရှိနေပြီဖေဖေ.."

"ဘယ်ကလဲ ၊ဘာလုပ်လဲ၊ဘယ်သူလဲ"

"တစ်ခြားလူတောမဟုတ်ပါဘူး...khant ကုမ္ပဏီ ceoရဲ့သား...ခန့်သစ္စာမောင် ပါဒယ်ဒီ...ဘယ်ကလဲဆိုတာတော့ဒယ်ဒီသိပြီပေါ့နော်..."

"ဟားဟားဟား...ငါ့သမီးကလူရွေးတတ်သားပဲ"

"ဟိုး ဒယ်ဒီ...ဟိုး..၊အဲ့ကိစ္စကိုဒယ်ဒီကကူညီရမှာ...ကိုခန့်ကသမီးကိုမချစ်ဘူးဒယ်ဒီအဲ့တော့ သူ့အဖေဆီမှာ ဒယ်ဒီရဲ့တောင်းဆိုမှုကို...သူ့သားဖြစ်စေချင်တယ်..."

"သက္ခာ မကျဘူးလားသမီး...၊ဒယ်ဒီ..."

"ဒယ်ဒီ!!! ၊ ကိုခန့်နဲ့ပတ်သက်ရင်...သမီးမှာအရှက်လဲမရှိသလို သက္ခာလဲမရှိတော့ဘူးဒယ်ဒီ...သမီး ကိုခန့် ကိုလိုချင်တယ် ကိုခန့်ကိုလိုချင်တာပဲ သွယ် သိတယ်..."

"အေးပါသမီးရယ်...ဒယ်ဒီကြည့်စီစဥ်လိုက်ပါ့မယ်..."

"ပြီးရော"

"ဒုန်း!!!"

ဦးချိန်းသော် တံခါးကိုစောင့် ပိတ်သွားသည့် သမီးဖြစ်သူကြောင့် သမီးလေးဘယ်လောက်စိတ်ဆိုးနေလဲဆိုတာ သူခန့်မှန်းလို့ရပါတယ်...။တစ်ဦးတည်းသောသမီးလေးမို့ ငယ်ငယ်တဲက အလိုလိုက်ခဲ့သည့်မို့ နည်းနည်းတော့ဆိုးချင်ပင်မယ့်...ဦးချိန်းသော်မျက်လုံးထဲတွင်တော့ လိမ္မာတဲ့သမီးလေးတစ်ယောက်ပင်..။
အော်...ဘယ်လိုပုံစံနဲ့ပြောရမှာလဲ...ငါမင်းသားကိုလိုချင်တယ်လို့လား ဒါမှမဟုတ် မင်းသားကိုငါ့သမီးပေးစားရအောင်လို့လား ဟူးးးစိတ်ညစ်ပါတယ်...

You've reached the end of published parts.

⏰ Last updated: May 29 ⏰

Add this story to your Library to get notified about new parts!

The Ending.... [Ongoing]Where stories live. Discover now