Unicode
(ဆယ်တန်းအာင်စာရင်းထွက်သောနေ့)
"ငါတို့ဘာသွားစားကြမလဲ...ဟီး...ငါကဂုဏ်ထူးအများဆုံး
ဆိုတော့ငါ၀ယ်ကျွေးမယ်လေ...ဟဲဟဲ""ဘ၀င်လေ ဟပ်နေတဲ့ရုပ်နဲ့....ငါလဲ၄ဘာသာပါပဲနော်...အတူတူပဲကို"
"ခန့်မောင်!!နင်နဲ့ငါနဲ့ ငါနဲ့နင်နဲ့ကတော့လေ...."
"နင်တို့နှစ်ကောင်ကလေ...ကြောင်နဲ့ကြွက်လိုပဲ တွေ့တိုင်းကိုက်နေတော့ပဲ.."
"ငါကကြောင်...."
"ငါကကြောင်ပါနော်..."
"ငါကကြောင်၊ နင်ကကြွက်...ကြွက်တောင် ရိုးရိုးကြွက်မဟုတ်ဘူး...ကြွက်စုတ်ကြွက်စုတ်..ဟားဟား"
"မိချောမ...နင်များသွားပြီနော်..."
"ဘလာ..."
"တော်ပါတော့ဟာ...."
မော်ကွန်းမျက်စိရှေ့မှတွေ့တိုင်းကိုက်နေတဲ့သူငယ်ချင်းနှစ် ယောက်ကိုကြည့်ပြီး...မျက်စိတော့နည်းနည်းနောက်လာရသည်မှာအမှန်ပေ...
"မုန့်တီဆိုင်သွားမယ်...ကိုယ်စားကိုယ်ရှင်းပဲ...ok"
"Ok"(×2)
ရန်ဖြစ်တာလေးများရပ်လိုရပ်ညား စကားလမ်းကြောင်းလေးလွှဲပြီးပြောလိုက်ပင်မယ့်လဲ..ခဏပါပြီးရင်ပြန်ကိုက်တာပဲ...။
"နင်မကောင်းတာ"
"နင်မကောင်းတာပါနော်"
"တော်ပါတော့"
သူငယ်ချင်းသုံးယောက်ရဲ့အသံကတော့လမ်းတစ်ယောက်လုံးဆူညံ့လျက်ပါ...မော်ကွန်းတို့သူငယ်ချင်းတွေကတွေ့တိုင်းသာကိုက်နေတာ...မတွေ့ရတော့လဲမနေနိုင်ပါဘူးလေ...
.................."အန်တီမုန့်တီသုံးပွဲ..၊အကြော်နဲ့နှစ်ပွဲ ငါးဖယ်နဲ့တစ်ပွဲနော်"
"အေးအေး...အန်တီပြီးရင်လာချပေးမယ်သား..."
"ဟုတ်"
မော်ကွန်း..မုန့်တီမှာပြီးတာနဲ့...ချောနဲ့ခန့်မောင်တို့်ထိုင်နေ
သည့်စားပွဲဘက်သို့သွားကာ...ခန့်မောင်ဘေး၀င်ထိုင်လိုက်ပြီးနောက်..."နင်တို့ဘာတတ်မှာလဲ..."
"ငါလဲအခုအဲ့တာပြောနေတာ...ငါကတော့စီးပွားရေး
တတ်မယ်..."
YOU ARE READING
The Ending.... [Ongoing]
Storie d'amoreမင်းတစ်ယောက်ထဲကိုသာမြတ်နိုးတာပါ...အသက်ရယ်...မောင့်ကိုယုံပါကွယ်