"ထိုည"

468 20 46
                                    

Unicode

             ထိုည...မိုးတစ်ဖြိုက်ဖြိုက် ရွာသွန်းနေသည့် ထိုည။ဆွေးမြေ့ဟန် ပြယုဂ်တစ်ခုကိုပေါ်လွင်အောင် ထပ်တူထပ်မျှ အုံ့မှိုင်းနေသော ကောင်ကင်ကြီးနှင့်အတူ မိုးရည်စက်ငယ်တို့အား လျစ်
လျူရှုလျက် ဦးတည်ရာမဲ့ လျှောက်လှမ်းနေသော
ခြေလှမ်းတစ်စုံဟာဖြင့်လည်း လမ်းသွယ်ထက်၌ နေရာယူလို့ပင်ထားချေတော့သည်။လမ်းမီးတိုင်မှလာသည့် မှိန်ပြပြအလင်းရောင်တစ်ခုကိုသာ အားကိုး၍ ရွေ့လျားနေပါသော သူ့ခြေလှမ်းငယ်တို့မှာခပ်လေးလေးသာ။
              သူ၏ပေါ့ဆမှုကြောင့် စာမေးပွဲဖြေဆိုမှု ကျဆုံးသွားတာမလို့ မိဘတွေနှင့်အတိုက်အခံဖြစ်၍ အိမ်မှခဏတာ ဆင်းလာခြင်းပင်။မခံချင်
စိတ်ဖြင့်သာ ဆင်းလာမိခြင်းဖြစ်ပေမယ့် အခုတော့ဖြင့်သူ့မှာ တစ်ညတာအဖို့ ခိုကိုးရာမဲ့ ဘဝသို့ရောက်လို့ပင်သွားချေတော့လေပြီ။မိုးဥတုဆို
သည့် ဂုဏ်ပုဒ်တစ်ခုကိုပင် ပျောက်ပျက်မသွားစေဖို့ရန် ကြိုးစားနေဟန်ရှိသည့် သဘာဝတရား
ကြီးမှာလည်း နေ့စဥ်ရက်ဆက်နီးပါး ရွာသွန်းပေး
နေသည့် မိုးတို့ဖြင့် ဆက်လက်ထိန်းသိမ်းလျက်ပင် ရှိနေချေတော့လေသည်။
                    လူပြတ်သည့် လမ်းတစ်လျှောက်သူတစ်ယောက်တည်းသာ ရှိလို့နေလေရဲ့။ခေတ္တာ
လမ်းဆိုသည်နှင့် ဒီဝန်းကျင်ရှိလူကြီး၊လူငယ်မရွေး နှာခေါင်းရှုံ့၍အမျိုးမျိုးသော ပုံပြင်ဆန်ဆန်အကြောင်းအရာအချို့ကို ဆွဲထုတ်ပြောယူကြကာ အကြောက်တရားထည့်ပြီး ဒီလမ်းဆိုလျှင်သူတို့ယောင်လို့တောင် ရှေ့မှပင် ဖြတ်သွားတာမျိုးမလုပ်ကြပါချေ။လူတွေ၏စွန့်ပစ်ခြင်းကို ခံထားရသည့် ဒီလမ်းသွယ်လေးအဖို့ အထီးကျန်ခြင်းကသာ ကြီးစိုးလို့နေချေတော့လေသည်။အကြောက်အလန့်မရှိ တဇွတ်ထိုးဆန်သည့် သူ့လိုလူငယ်တစ်​ယောက်အတွက်တော့ ဒီလမ်းသွယ်ဟာ ရွေးချယ်စရာတစ်ခုလိုပင်ဖြစ်လာပေတော့သည်။

"အာ ဟုတ်နေတာပဲ"

                  သူ့ခြေလှမ်းတွေဟာ တစ်နေရာအရောက်တွင် တိကတည်းရပ်ကျသွားပေရဲ့။အရပ်ပြောစကားတွေထဲမှ အပါအဝင်ဖြစ်သည့် ဒီ စိန်
ပန်းပင်ကြီးဟာ သူတို့ပြောသလိုပင် ကြောက်စရာကောင်းနေတာမျိုးမဟုတ်ဘဲ ပွင့်ခက်၊ပွင့်လက်တို့ဖြင့် ဝေဝေဆာဆာဖူးပွင့်နေကြသည့်အပြင် တစ်ပင်လုံးပင် နီရဲစွာဖြင့် စွဲမက်ဖွယ်ရာကောင်းလှသည့် အဆင်းသဏ္ဍာန်ကိုသာ ပိုင်ဆိုင်ထားသည်ဟု နေသွန်းနောင်ကောက်ချက်ချလိုက်မိပေသည်။ထူးဆန်းသည်တစ်ချက်က ဒီစိန်ပန်း
ပင်ကြီးဟာ လမ်းသွယ်လေး၏ အလယ်တည့်တည့်တွင်ပေါက်ရောက်နေတာဖြစ်ပြီး ဆက်သွားလို့
မရစေရန်ကြီးမားလှသည့် သူ့ပင်စည်းကြီးတွေက
ကာဆီးလို့ပင်ထားလေသည်။၎င်းစိန်ပန်းပင်ကြီးအား ဇစ်မြစ်တည်၍ ထွက်ပေါ်လာပါသော သရဲပုံပြင်တွေဟာဖြင့်လည်း ပတ်ဝန်းကျင်တစ်ဝိုက် ဒုနှင့်ဒေးပင်။ထိုအကြောင်းအရာတွေထဲမှ သူ့အားဖမ်းစားနိုင်ခဲ့သည့် အချက်တစ်ခုက ဒီအပင်ကြီးဟာ ဘယ်လိုနည်းနှင့်မှပင်ခုတ်လှဲဖျက်စီး၍ မရပါဆိုသည့် အချက်တစ်ခုသာ။

"ထိုည"(one shot)Where stories live. Discover now