part_4

325 48 20
                                    

အပိုင်း_၄

.......

"လီဂျီဟွန်း...ဆရာခေါ်နေတယ်"

အတန်းခေါင်းဆောင်၏အသံကြောင့် ဂျီဟွန်း ခုံပေါ်မှောက်အိပ်နေရာမှ ခေါင်းထောင်ကြည့်လိုက်သည်။ ဘာလို့ခေါ်လဲမသိပေမယ့် ခေါ်တော့လည်းသွားရမှာပေါ့။
ထို့နောက် အညောင်းပြေအညာပြေ ‌ဇာတ်ချိုးပြီးထွက်သွားတဲ့ ဂျီဟွန်းကို ဟိုရှီက သိချင်စိတ်နဲ့ကြည့်နေခဲ့၏။

.....

"အဖွဲ့လေ့ကျင့်ရေးတွေမှာ မင်းရောက်မလာဘူးဆိုလို့လေ... ကိစ္စတစ်ခုခုရှိလို့လား ဂျီဟွန်း.."

ဒီရက်ပိုင်း ဂျီဟွန်း bandအတွက် လေ့ကျင့်ရေးမလုပ်တာကိုသိပြီး ဆရာကမေးနေခြင်းဖြစ်သည်။ ဂျီဟွန်းကတော့ လက်လေးနောက်ပစ်လျှက် ရိုရိုသေသေပဲရပ်နေရင်းမှ..

"ဒီတစ်ပါတ် ကျွန်တော်သွားလိုက်ပါ့မယ်။ ဒါပေမယ့်..."

"အွန်း ပြောလို့ရတယ်"

"ကျွန်တော့နေရာအစားထိုးဖို့ လူရှာပေးလို့ရမလား"

သူ့အပြောကြောင့် အတန်းပိုင်တင်မက ဘေးကဆရာများပါ မျက်ခုံးပင့်ကုန်သည်။

"ဘာလို့လဲ...ဒီဟာအဆင်မပြေဘူးလား"

"ကျွန်တော် ဂီတကိုထင်သလောက် စိတ်မ၀င်စားပါဘူးဆရာ...ကျေးဇူးပြုပြီး အကူညီတောင်းပါတယ်"

"အင်း..ဒါပေမယ့်လည်း နည်းနည်းတော့ ထပ်စဉ်းစားပါဦး တခြားအရာတော့မသိပေမယ့် လီဂျီဟွန်း မင်းက ပါရမီရှင်ဆိုတာတော့ ဆရာသိတယ်။ ပြီး‌တော့ မိဘတွေနဲ့လည်း တိုင်ပင်ကြည့််ပါဦး"

ကြားရဖန်များလို့ စိတ်ကုန်စေတဲ့အထဲမှာ မိဘနဲ့တိုင်ပင်ဖို့ဆိုသည့်အရာက ထိပ်ဆုံးတွင် ပါ‌၀င်နေခဲ့သည်။ အဖေက မြို့တော်၀န်ဖြစ်ပြီး အမေက အ‌ရိုးအထူးကုဆရာ၀န်ကြီးမို့ ဂျီဟွန်းမိဘတွေရဲ့ဩဇာက ဒီမြို့တစ်ဝိုက်မှာတော့ အင်မတန်သက်ရောက်မှုရှိသည်။ သို့သော် လူသူမသိတဲ့ တစ်ဖက်ခြမ်းမှာတော့ လီဂျီဟွန်းဆိုတဲ့ သူဟာ မိဘဆီကဖိနှိပ်ချုပ်ချယ်မှုတစ်ခုသာ ရရှိခဲ့ဖူး၏။ မိဘနဲ့သားသမီးကြားက ကြင်နာယုယမှုဆိုသည်မှာ ငယ်ငယ်ကဂျောင်ဟန်ဟျောင်း၀ယ်ကျွေးတဲ့ သကြားလုံးလောက်တောင် မချိုမြခဲ့ဖူးတာ မှန်သော စကားဖြစ်ပါလိမ့်မည်။

ခိုလှံုရာ လက်ခုပ်မိုးလေးWhere stories live. Discover now