ရေကြိုက်တဲ့ ဖျံကလေး

14 1 0
                                    

ဖျံကလေး Ocean သည် Mol တို့ တစ်မိသားစု လုံးအား တစ်ဖက်ခြံသို့ ခေါ်သွားသည်။

"အားနာလိုက်တာကွယ် ကလေးတွေ လန့်သွားမှာဘဲ"

မေမေ က ထိုစကားကိုသာ ထပ်ခါထပ်ခါ ဆိုသည်။ အကြောင်းကား ဖျံတို့ သဘာဝ ရေကြိုက်သည်မို့ ရေကူးကန်ရှိသည့် သည်ခြံသို့ Ocean လွတ်လာလေသောကြောင့်ဖြစ်သည်။

"ရပါတယ်ဗျာ ဖျံလေးက လူယဉ်ပါတယ်"

"သူက တောရိုင်း တိရစ္ဆာန်ဆိုတော့ စိတ်လှုပ်ရှားပြီး ကလေးတွေကို လိုက်ဆွဲမှာ စိုးရတယ်ဗျ"

Mik က ဝင်ပြောတော့ Mol, Ocean ကို ပိုက်ထားရင်း ခေါင်းငြိမ့်၍ ထောက်ခံပေးရသည်။

"ကလေးတွေ အပျော်ပျက်ကုန်ရောပေါ့ အားနာပါတယ်၊သမီး Mol ကလေးတွေ အတွက် KFC မှာပေးလိုက်ကွယ်"

ဖေဖေ ကပြောပြန်တော့ Mol ပိုလျှံကိုပွေ့ရင်း တစ်ဖက်ခြံသို့ ပြန်ရန်ပြင်ရသည်။

"မဟုတ်တာဗျာ ကျွန်တော်တို့လည်း မှာထားလို့ လက်မခံပါရစေနဲ့ သမီး Fon က တစ်နေ့ကမှ အထက်တန်း ပြီးလို့ UK ကနေပြန်လာတာလေ အဲ့တာ သူ့ ငယ်သူငယ်ချင်းတွေကို ဖိတ်ပြီး ကြိုဆိုပွဲလေးလုပ်ပေးနေတာ"

ထိုသို့ပြောမှ Mol , Fon ဆိုသော မိန်းကလေးအား လိုက်ရှာကြည့်မိသည်။
Fon သည့် အထက်တန်း အရွယ်ဟု မထင်ရလောက်အောင်ပင် လှသွေးကြွယ်လှသည်။ Fon မှ မဟုတ် တခြားသော မိန်းမငယ်လေးများသည်လည်း ထိုနည်းလည်းကောင်းပင်။

---------

Mol သည် ထိုနှစ်မှ စတင်ပို့ချမည်ဖြစ်သော Computer Engineering Major အတွက် တာဝန်ယူရ၍ ပင်ပန်းလှသည်။ Course တစ်ခုကို သင်ကြားပို့ချရန် Curriculum ဆွဲရသည်မှာ လွယ်ကူသည့် အလုပ် မဟုတ်သော်လည်း Researcher တစ်ဦးပီပီ စိတ်နှစ်၍ ပေျာ်မွေ့နေသောကြောင့် စိတ်တော့ ပင်ပန်းလှသည်မဟုတ်။ သို့သော် ဘေးခြံက ကောင်မလေးက အကြောင်းမရှိအကြောင်းရှာက IT အကြောင်း ပေါက်ပေါက်ရှာရှာ လာလာ မေးတတ်သောကြောင့် စိတ်တော့ရှုပ်ရသည်။ ထို့ကြောင့် Mol ,Weekends တွေမှ သာ အိမ်ပြန်ဖြစ်သည်။

"Arr Mol(အန်တီမိုလ်) က BE ရော ME ရော PhD ရော KMUTT က ပြီးတာလား"

"အင်းဟုတ်တယ် ကလေး"

Bridging the Code of HeartsWhere stories live. Discover now