*ကိုကိုက ကျွန်တော့်အပိုင်
*ချောလိုက်တာ ကိုကိုရယ် ကိုကို့ visual ကနိုင်ငံတောင်တည်လို့ရတယ်
"လာပြန်ပြီဒီကောင်လေး ဟန်နိုအာ"
ဟုတ်ပါသည်။ဟန်နိုအာဆိုတာ သူပုံတင်တိုင်း သူပုံတွေအောက် comment လာလာပေးတတ်သည့်ကောင်လေး။ရည်းစားတွေမဖြစ်သေးသည့်တိုင်အောင် ဂယူဗင်းကိုသူ့အပိုင်ပါဆိုပြီး ပိုင်ဆိုးပိုင်နက်လုပ်နေသည့်ကောင်လေး။
အမှန်တိုင်းပြောရရင် ကောင်မလေးတွေသူ့ကိုအမျိုးမျိုးကြူးရင်တောင် သူ မရှက်ပါပဲ ဟန်နိုအာကြူးရင်တော့ သူဟာပူထူနေအောင် ရှက်ရပါသည်။နောက်ပြီး ဟန်နိုအာကြူးရင်သူရင်ခုန်မိသည်လေ။ကောင်လေးလာမကြူးရင်ကို သူ့မှာတစ်ခုခုလိုနေသလိုမျိုး။ခက်တော့တာပါပဲ ဒီဟန်နိုအာနဲ့တော့။
တစ်ခုရှိတာက နိုအာက သူ့ကိုကြူးရုံတင်ကြူးပြီး တစ်ခါမှဖွင့်ပြောမလာခဲ့ပါ။
"ကြူးလာတာ ၄နှစ်တောင်ရှိပြီကို တစ်ခါမှ သဘောကျတယ် ချစ်တယ်လို့မပြောဖူးဘူးလေ နေပါဦးငါကအခု ငါ့ထက်၃နှစ်ငယ်တဲ့ကလေးဆီက ပလေးခံနေရတာလား? လာစလိုက် ပြောင်လိုက်ပဲလုပ်နေပြီး သဘောကျတယ်တောင်မပြောဖူးလေ ငါကပဲရင်ခုန်နေမိတာလား"
ဂယူ့စိတ်ထဲလားနှင့်အဆုံးသတ်သောမေးခွန်းများသာရှိသည်။စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းကိုဆွဲဖွလိုက်ပြီး ဖုန်းကိုချကာ ပန်းချီပြန်ဆွဲရန်ပြင်ရတော့သည်။ပန်းချီကိုစိတ်နှစ်ပြီး ဆွဲနေရင်း စက်မပိတ်မိသော ဖုန်းလေးမှနိုတီသံလေးထွက်လာခဲ့သည်။ဂယူလှမ်းကြည့်တော့
-ကိုကို
-အာ ဒီအချိန်က ကိုကိုပန်းချီဆွဲနေကြအချိန်ပဲ
-မေ့သွားတာ
-ညဘက်တွေတော့မအိပ်ပဲနဲ့တော့ ပန်းချီမဆွဲနဲ့နော်ကိုကို
-ကျန်းမာရေးကိုဂရုစိုက်
-နိုအာ အိပ်ပြီနော်
-Good night ကိုကို Sweet dream with me ㅋㅋㅎ"
ဒီကောင်လေးက လုပ်လာပြန်ပါပြီ သူနဲ့လည်းဘာမှမတော်သေးပဲ လူကိုပိုင်ဆိုးပိုင်နက်နဲ့ ခေါ်တာ ကိုကိုတဲ့။လူကိုရင်ခုန်အောင်တွေလုပ်ပြီး အမြဲစရင်းနောက်ရင်းပဲပြီးပြီးသွားတာကိုများ။စာမပြန်ဘူး အဲ့အတိုင်းပဲနေ ဟန်နိုအာ။