Xz : ( ဟုတ်ပါတယ် ကျွန်တော့်မိဘတွေက
အရင်ယုတ်မာခဲ့တာပါ ကျွန်တော်ဖြစ်
နိုင်ရင် ဦးဆီကထွက်သွားပါရစေ )Yb : ( မင်းဘာစကားပြောတာလဲ ရှောင်းကျန့်
မင်းသေချင်နေပြီလားဟမ် !!! )Xz : ( ဦးကကျေးဇူးရှင်ပါ ဘယ်လိုပဲဖြစ်ဖြစ်
ကျွန်တော်တို့၂ယောက်က အပြန်လှန်
ကလဲ့စားချေခဲ့ကြတာ ပါးကလည်း
ဝမ်မိသားစုကိုအငြိုးရှိလို့လုပ်ကြံခဲ့တာ
လည်းဖြစ်နိုင်သလို ဦးကလည်းကလဲ့
စားချေခဲ့တာပဲလေ မသိခင်တုန်းက
အရာရာသာယာခဲ့ပေမဲ့ သိသွားရင်
တော့ မဖြစ်သင့်တာမို့ ကျွန်တော်ကို
ထွက်သွားခွင့်ပေးနိုင်မလားဦးရယ်
ဦးလည်း၈နှစ်လုံးလုံး ကျွန်တော့်ကို
ကြည့်ပြီးဦးမိသားစုကိုသတိရနေမှာပဲ
ကျွန်တော်လည်းပဲ အဲ့လိုခံစားလာရ
တော့မှာမို့ထွက်သွားတာအကောင်းဆုံး
မှတ်လား ဦးရဲ့ကျေးဇူးကိုတစ်သက်
မမေ့ပါဘူး အဝေးကနေပဲ ကျေးဇူးတင်
နေရပါစေ )Yb : ( မင်းမှတ်ထားရှောင်းကျန့် ငါမင်းကို
ဘယ်တော့မှထွက်သွားခွင့်ပေးမှာ
မဟုတ်ဘူး မင်းကိုသတ်ခဲ့လို့ရရဲ့သား
နဲ့ငါမသတ်ခဲ့တာဘာလို့မှန်းလဲငါသေ
ချာမသိပေမဲ့ ငါမင်းကိုဘယ်မှသွားခွင့်
ပေးနိုင်မှာမဟုတ်ဘူး မင်းအရင်တိုင်းပဲ
ငါနဲ့အတူနေရမယ် မင်းခေါင်းထဲမှာစွဲ
နေအောင်မှတ်ထားရမှာက ဘယ်တော့
မှ ငါ့ဆီကထွက်သွားမယ်လို့မပြောဖို့ပဲ
ထပ်ပြောရင်ငါမင်းကိုအပြစ်ပေးရလိမ့်
မယ် ငါထပ်မရက်စက်ချင်ဘူး )ဒေါသကြီးစွာ ပြောဆိုရင်း အောက်ထပ်
ဆင်းသွားပြီး ရောက်ချင်တဲ့နေရာရောက်
သွားမယ်ဆိုတဲ့ပုံစံနဲ့ ကားမောင်းထွက်
သွားတဲ့ YbXz : ( ဦးကိုတကယ်နားမလည်နိုင်တော့ဘူး
ဦးရယ် သားကိုမရက်စက်ပါနဲ့တော့ )မိချန်တို့လည်းအပေါ်ထပ်က အသံတွေကြား
နေရပေမဲ့ အလုံပိတ်အခန်းမို့ ရန်ဖြစ်နေတဲ့
အသံဆိုတာပဲသိရပြီး ဘာဖြစ်နေသလဲ
အရမ်းသိချင်နေကြတယ် Xz ဆင်းလာ
တော့မှ
YOU ARE READING
ငြိုးဖွဲ့ ကံစေရာ 💔💔 [ Complete ]
Romanceလုပ်ကြံမှုတွေရဲ့နောက်ကွယ်ကအမှန်တရား ဒီလူသားလေး၂ယောက်ရဲ့ချစ်ခြင်းမေတ္တာ