စာရေးစားပွဲပေါ် ခေါင်းမှောက်အိပ်နေသည့် ဒုံမင်းတစ်ယောက် အတန်းထဲက မိန်းကလေးတစ်သိုက်ရဲ့ ပွစိပွစိစကားသံတွေကြောင့် အိပ်နေရာက နိုးလာခဲ့သည်။
"ဟဲ့ ဒီနေ့ ငါတို့အတန်းကို ကျောင်းသားသစ် ပြောင်းလာမှာတဲ့"
"ဟယ် ဟုတ်လား အဆင်လေးဖြစ်ရင် ကောင်းမှာပဲ"
"အဲ့တာတော့ စိတ်မပူနဲ့ သတင်းတွေ ကြားထားရတာတော့ အရမ်းချောတာတဲ့"
"အဲ့လိုဆိုရင်တော့ ငါ့ရဲ့ အနာဂတ် ရည်းစားလေးစာရင်းထဲကို အခုကတည်းက ထည့်ထားလိုက်ပြီ ဟီး ဟီး"
အခန်းထဲက မိန်းကလေးတစ်စုရဲ့ ဟီးလေးဟားလေးနဲ့ ပြောနေကြတဲ့ စကားတွေကြားပြီး ဒုံမင်း မနက်က မြောင်ပါပီရဲ့ စကားသံကို ပြန်ကြားယောင်လာသည်။
"ဒုံမင်းနား ဒီနေ့ မင်းတို့အခန်းထဲကို ကျောင်းသားသစ်ပြောင်းလာမယ်ဆိုတာ သိပြီးပြီလား"
"စိတ်မဝင်စားဘူး"
"အမယ် ငါကြားတာတော့ ရုပ်တော်တော်ချောတယ်ဆိုလားပဲ"
"အဲ့တော့ ဘာလုပ်ရမှာတုန်း"
"ဟာ မင်းကလည်း ဘာလုပ်ရမှာလဲ သိရဲ့သားနဲ့"
"ဟာဗျာ ဘာကိုတုန်း"
မြောင်ပါပီက စိတ်မရှည်စွာ သက်ပြင်း တစ်ချက်ချပြီး
"ဟာ ငါတို့ကလပ်မှာ လူတစ်ယောက်လိုနေတာလေကွာ"
ဒုံမင်းကတော့ အခုထိ မအူမလည်နဲ့
"အဲ့တာနဲ့ ဘာဆိုင်လို့တုန်း"
မြောင်ပါပီက ခက်ပြီဆိုတဲ့ပုံစံနဲ့ မျက်စောင်းထိုးကြည့်ကာ
"ဟ အဲ့တော့ ဟိုကျောင်းသားသစ်က ရုပ်ချောပါတယ်ဆိုမှတော့ ငါတို့ကလပ်နဲ့ ကွက်တိပဲလေ အဲ့တာကြောင့် ကလပ်ထဲ ဆွဲသွင်းရအောင်လို့"
ဒုံမင်းက အခုမှ နားလည်သွားသည့်ပုံစံနဲ့ ထပ်ပြီး စောဒကတက်သည်။
"ရုပ်ချောတာနဲ့ ပြီးရောလား ကျန်တာ ဘာမှမလုပ်တတ်ရင် ဘာသုံးစားလို့ရမှာလဲ"
မြောင်ပါပီက ခေါင်းကုတ်ကာ သက်ပြင်းချရင်း
"မလုပ်တတ်လည်း သင်ပေးရင် ဖြစ်တာကို ပြီးတော့ ငါတို့ကလပ်ကလည်း တအားကြီး perfect ဖြစ်နေတာမှ မဟုတ်တာ အတူတူလေ့ကျင့်ရင်း ဆွဲခေါ်လို့ရတာပဲကို"
YOU ARE READING
You're my only exception
Fanfiction"우리는 아픔 없는 길을 선택했다" "그때는 우리가 너무 어렸잖아" "ငါတို့ စတွေ့တဲ့ နေ့ကတည်းက ငါ့ရဲ့ စိတ်ကို ဖွင့်ပေးခဲ့မယ်ဆိုရင် အခုချိန် ငါတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက ပိုပြီး ပျော်ရွှင်စရာ ကောင်းလိမ့်မလား" "ဒုံဟွန်း ငါက မင်းကိုပဲ အမြဲငေးကြည့်နေခဲ့တယ်ဆိုတာ မင်းသိရဲ့လား" "ငါကလေ...