ဒုံမင်း အတန်းဆင်းတာနဲ့ တပြိုင်နက် အခန်းပြင်သို့ထွက်ကာ ကလပ်သို့သွားရန်ပြင်လိုက်သည်။ဒုံဟျွန်းဆီ လှမ်းကြည့်မိတော့ အတန်းဖော်တစ်ချို့ကို နှုတ်ဆက်နေရင်း ပစ္စည်းတွေကို လွယ်အိတ်ထဲ ကောက်ထည့်နေသည်။အတူသွားဖို့ ခေါ်ရင်ကောင်းမလား စဉ်းစားမိပေမဲ့ လမ်းသိလောက်မှာပါလေဟု တွေးကာ ကိုယ့်သာသာ တစ်ယောက်တည်းထွက်လာလိုက်သည်။
အထက်တန်းတတိယနှစ်တွေရဲ့ အဆောင်ဘက်ရောက်ကာမှ စိတ်မချစွာ နောက်ပြန်ပြေးမိသည်။အခန်းဆီရောက်တော့ ဒုံဟျွန်းက မရှိတော့ပေ။သူပြန်လာတဲ့လမ်းမှာ ဒုံဟျွန်းနဲ့မတွေ့ခဲ့တာကြောင့် အရင်လမ်းကနေ သွားတာဖြစ်လောက်မည်ဟု တွေးကာ ဒုံမင်း လိုက်သွားရန်ဆုံးဖြတ်လိုက်သည်။
သစ်ပင်လဲကျနေတဲ့နေရာရောက်တော့လည်း ဒုံဟျွန်းကို မတွေ့။သစ်ပင်က အရမ်းကြီးတာမို့ ကျော်ခွသွားနိုင်မည်လည်း မဟုတ်။လမ်းများပျောက်နေသလားဟု တွေးမိတော့ ဒုံမင်းတစ်ယောက် နောက်ပြန်ခေါက်ကာ ဒုံဟျွန်းအား လိုက်ရှာမိတော့သည်။
အလယ်တန်းကျောင်းဆောင်ဘက်အရောက် လမ်းကြားတစ်နေရာမှာ အရိပ်အယောင်သဲ့သဲ့ လှမ်းမြင်မိမှ ဒုံမင်း သက်ပြင်းချနိုင်သည်။ခေါင်းတကုတ်ကုတ်နဲ့ ဟိုကြည့်ဒီကြည့်ဖြစ်နေပုံက အမှန်တကယ် လမ်းပျောက်နေပုံပင်။ဒုံမင်းက ဒုံဟျွန်းရှိရာ လျှောက်သွားလိုက်ပြီး လက်ကိုလှမ်းဆွဲလိုက်တော့ အထိတ်တလန့်နဲ့ လှည့်ကြည့်လာသည်။
"ဒီလိုဖြစ်နေမယ် ထင်သားပဲ၊ လာ ငါ့နောက်လိုက်ခဲ့"
"ဒုံမင်းနား"
အံ့ဩနေတဲ့ မျက်နှာနဲ့အတူ ထွက်ပေါ်လာတဲ့ ခေါ်သံ သဲ့သဲ့။
ဘာတုံ့ပြန်မှုမှ မပေးဘဲ လက်ကိုဆွဲကာ ကလပ်ဆီသွားရာလမ်းဆီ လျှောက်သွားလိုက်သည်။အချိန်အတန်ကြာ ဆွဲကိုင်ထားတဲ့ လက်ဆီကနေ စိုစွတ်မှုကို ခံစားမိတဲ့အချိန်မှ လက်ကို လွှတ်ပေးဖို့ သတိရမိသည်။ချောင်းတချက်ဟန့်ကာ လက်ကိုလွှတ်ပေးလိုက်ပြီး ဒုံဟျွန်းကို ကြည့်မိတော့ သူ့ကို ပြုံးကာ ကြည့်နေသည်။
"အဟမ်း ဘာလို့ကြည့်နေတာလဲ"
ဒုံဟျွန်းက ခေါင်းအသာရမ်းကာ
YOU ARE READING
You're my only exception
Fiksi Penggemar"우리는 아픔 없는 길을 선택했다" "그때는 우리가 너무 어렸잖아" "ငါတို့ စတွေ့တဲ့ နေ့ကတည်းက ငါ့ရဲ့ စိတ်ကို ဖွင့်ပေးခဲ့မယ်ဆိုရင် အခုချိန် ငါတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက ပိုပြီး ပျော်ရွှင်စရာ ကောင်းလိမ့်မလား" "ဒုံဟွန်း ငါက မင်းကိုပဲ အမြဲငေးကြည့်နေခဲ့တယ်ဆိုတာ မင်းသိရဲ့လား" "ငါကလေ...