ဒုံဟျွန်းကျောင်းပြောင်းလာတာ ဘာလိုလိုနဲ့ တစ်ပတ်တောင် ပြည့်တော့မည်ဖြစ်သည်။ဒီတစ်ပတ်အတွင်းမှာ အတန်းဖော်တွေနဲ့လည်း အများကြီးရင်းနှီးလာပြီး ဂီတကလပ်မှာ activity တွေ လုပ်ရင်း ကျောင်းအသစ်မှာ နေသားကျလာပြီဖြစ်သည်။ကလပ်အဖွဲ့ဝင်အကုန်လုံးက သဘောကောင်းသည်မို့ သူ့ကို ဟိုးအရင်ကတည်းက သိလာခင်လာတဲ့လူတစ်ယောက်လိုမျိုး ဆက်ဆံကြသည်။အနေအေးတဲ့ ဒုံမင်းတောင်မှ အရောတဝင် ဆက်ဆံလာသည်မို့ ဒုံဟျွန်းတစ်ယောက် ကျောင်းအသစ်မှာ အမှန်ပင် ပျော်ရပါသည်။
"ဒုံဟျွန်းနား နေ့လည်စာ သွားစားရအောင်"
အသံနဲ့အတူ ပုခုံးပေါ် ရောက်လာသည့် လက်အစုံ။အသက်တူ ရွယ်တူနှစ်ယောက်မို့ ထင်သည် ဂီတကလပ်ကို ဝင်ပြီးနောက် သိပ်မကြာလိုက်ပဲ ဒုံမင်းနဲ့ မြန်မြန်ဆန်ဆန် ရင်းနှီးသွားသလိုပင်။
"ဟုတ်ပြီ သွားကြတာပေါ့"
နှစ်ယောက်သား ကန်တင်းကို ထွက်လာလိုက်ပြီး စားသောက်ဆိုင်ရှေ့ရောက်တော့ ဒုံဟျွန်းတစ်ယောက် menuရွေးဖို့ကို အတော်စဉ်းစားနေရသည်။
"အား ဝက်သားကတ်သလိပ်ရော ကာရီရော စားချင်တာကို ဘယ်လိုလုပ်ရပါ့"
"နှစ်ခုလုံး စားလိုက်လေ"
ဘေးက ဒုံမင်းက ဝင်ပြောသည်။
"ဟာ နှစ်ခုလုံးကျ မကုန်ဘူးလေ အင်း... ကာရီပဲ စားလိုက်ပါတော့မယ် ဟူးး"
ဒုံဟျွန်းက ခက်ခက်ခဲခဲ menuရွေးလိုက်ပြီး ဒုံမင်းအတွက်ပါ တစ်ခါတည်း မှာပေးရန် ဘာစားမလဲဟူသည့်သဘောဖြင့် မေးဆတ်ပြတော့ ဒုံမင်းက
"ငါလည်း ရွေးရဦးမှာ မင်းအရင် သွားထိုင်နေနှင့်"
"အမ် ဪ အင်းအင်း"
ဒုံဟျွန်း လူရှင်းတဲ့ စားပွဲကို ရှာထိုင်လိုက်ပြီး မစားသေးပဲ ဒုံဟျွန်းအလာကို စောင့်ေနလိုက်သည်။ခဏကြာတော့ ဒုံမင်းက အစားအသောက်ဗန်းကို ကိုင်လာပြီး စားပွဲမှာ ဝင်ထိုင်လိုက်သည်။ပြီးနောက် သူ့ပန်းကန်ထဲမှာ ပါလာတဲ့ ဝက်သားကတ်သလိပ်တစ်ဝက်ကို ဒုံဟျွန်း ပန်းကန်ထဲ ထည့်ပေးလိုက်ပြီး ကာရီတစ်ဝက်ကို သူ့ပန်းကန်ထဲ ပြောင်းရွေ့လိုက်သည်။
YOU ARE READING
You're my only exception
Fanfic"우리는 아픔 없는 길을 선택했다" "그때는 우리가 너무 어렸잖아" "ငါတို့ စတွေ့တဲ့ နေ့ကတည်းက ငါ့ရဲ့ စိတ်ကို ဖွင့်ပေးခဲ့မယ်ဆိုရင် အခုချိန် ငါတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက ပိုပြီး ပျော်ရွှင်စရာ ကောင်းလိမ့်မလား" "ဒုံဟွန်း ငါက မင်းကိုပဲ အမြဲငေးကြည့်နေခဲ့တယ်ဆိုတာ မင်းသိရဲ့လား" "ငါကလေ...