တော်ဝင်မောင်အိမ်သို့ဒေါသရန်ကောပြန်လာခဲ့လေသည်။စိတ်ထဲတွင်တော့လုံးဝအခဲမကျေနိုင်။ဘယ့်နှယ့်အဲ့လိုရွံဖို့ကောင်းတဲ့အရာကိုလုပ်နိုင်ရတာလဲ။စိတ်ထဲတွင်တင်းကျပ်ပြီးပေါက်ကွဲလာသည်။အညို့မျက်ရည်များကိုမြင်တော့ပို၍ပေါက်ကွဲခဲ့သည်ထင်၏။
တော်ဝင်မောင်သည်ပူလောင်လာသည်အတွက်ရေမိုးချိုးရန်သာပြင်ဆင်လိုက်လေသည်။ရေမိုးချိုးပြီးပြန်ထွက်လာပြီနောက်ဖုန်းသံကြား၍သွားကြည့်မိလေသည်။miss call 21ကြိမ်နော်ဆက်ထားသည့်အညို့။သူငယ်ချင်းဖြစ်သူကိုစိတ်တိုနေမိသည်။တခြားမဟုတ်သူ့ကိုမရွေးချယ်ဘဲ သူ့ရည်းစားကိုရွေးချယ်လိုက်ခြင်းကြောင့်သာ။
အန်တီသစ္စာကိုဖြစ်ကြောင်းကုန်စင်ပြောပြတော့အန်တီ့ရဲ့မျက်ရည်များကျဆင်းနေတဲ့မျက်ဝန်းများက်ုပြန်မြင်ယောင်တဲ့အခါသူငယ်ချင်းမဖြစ်သူကိုပို၍စိတ်နာမိသည်။မယုံကြည်နိုင်ဖြစ်နေသောအန်တီ့ကိုမြင်နော့လည်းအားနာမိသည်။ငါများမှားသွားပြီလားလို့ပေါ့။မဟုတ်ပါဘူးမဖြစ်နိုင်ပါဘူးငါလုပ်သင့်တာကိုလုပ်လိုက်တာ။လိင်တူချစ်တာကရှိကိုမရှိသင့်တဲ့အရာ။ငါမှန်တယ်။
တော်ဝင်မောင်မှာခေါင်းခါလိုက်ပြီးအိပ်ရာပေါ်သို့မှောက်ချလိုက်သည်။
"You are my sunshine. My only sunshine, you make me happy...
ဖုန်းသံထပ်ကြားလိုက်တော့ကြည့်လိုက်နာဆက်တဲ့သူကအညို့တဲ့ဖုန်းချလိုက်တယ်။
'အညို့ ငါနင်နဲ့စကားမပြောနိုင်သေးဘူး နင်နဲ့စကားပြောဖို့တွေးလိုက်တိုင်းအဲ့က်စ္စကြီးကခေါင်းထဲရောက်ရောက်လာတယ် ငါလံုးဝလက်မခံပေးနိုင်ဘူး ငါ့အတ္တကြောင့်ဖြစ်နိုင်ပေမဲ့သေခိာတာတော့ နင့်ကိုချစ်လို့ဒီလိုလုပ်ရတာပါ ငါမှန်တယ်အညို့ မဖြစ်နိုင်တာကိုလုပ်တဲ့နင့်အမှား'တော်ဝင်မောင်သူငယ်ချင်းဖြစ်သူအကြောင်းက်ုထပ်တွေးရင်းရင်မောနေရသည်။ဖုန်းထပ်ဆက်မည်ဆိုးသောကြောင့်ဖုန်းကိုစက်ပိတ်ထားလိုက်သည်။
အညို့မောင်နဲ့တွေ့ပြီးပြန်လာတော့အိမ်ကထူးဆန်းစွာတိတ်ဆိတ်နေလေသည်။မုန်တိုင်းမလာခင်လေပြေလာဆိုသည့်အတိုင်းပင်။အမြဲရှစ်နာရီကျောာ်မှအိမ်ပြန်ရောက်တတ်တဲ့အဖေဖြစ်သူကငါးနာရီတော်မထိုးသေးအိမ်ပြန်ရောက်နေကြောင်းအဖေ့ကားကသက်သေပြနေလေသည်။
YOU ARE READING
ဖြစ်တည်မှု
Short Story"ဖြစ်တည်မှု" တဲ့ လှလိုက်တဲ့စကားလုံးတွေ အဲ့စကားလုံးတွေရဲ့နောက်မှာပျက်ဆီးသွားတဲ့၊မကယ်တင်နိုင်လိုက်တဲ့၊လူမသိသူမသိပျောက်ကွယ် ဖုန်းကွယ်ထားရတဲ့ သနားစရာဘဝတွေရှိတယ်ဆိုတာ လူတိုင်းရဲ့စိတ်ထဲမှာနေရာတစ်ခုရစေချင်တယ်။ "ျဖစ္တည္မႈ" တဲ့ လွလိုက္တဲ့စကားလုံးေတြ အဲ့စကားလ...