အညို့မှာပြန့်ကျဲနေသောသူမ၏အဝတ်အစားများကိုသာကုန်းကောက်နေ၏။ခေါင်းကိုငုံလျက်သာမျက်ရည်များကျနေလေသည်။
"ဝဋ်ကြီးပါတယ်အေကလေးမလေးက ဒေါ်သစ္စာတော့ရင်ကွဲရပြီပေါ့"
"ဟုတ်ပါ့တော် ကျုပ်သမီးကိုလဲပြောထားရဦးမယ်။အဲ့လိုမဖြစ်အောင် အိုအေ ယတြာချေလိုက်ရမယ်ထင်တယ်။"
"ရွံဖ့်ုကောင်းလိုက်တာဟယ် မိန်းမချင်းကိုမကြိုက်တယ်တဲ့ ငါတော့မခံစားတတ်ပေါင်"
"ကြည့်ထားအဲ့တာနင်တို့တွေသူများသားမယားတွေနဲ့ဖောက်ပြန်ရင်နောင်ဘဝအြဲလိုဖြစ်မှာပဲ"
ပတ်ဝန်းကျင်ရဲ့ပြောစကားများကိုမကြားနိုင်တော့သည်အထိအညို့ရဲ့ရင်ကအလွန်ကွဲအက်နာကျင်နေလေပြီ။နောက်ဆုံးသောဘောင်းဘီကိုကောက်ပြီးသည်နှင့်ရင်းနှီးသောဖိနပ်တစ်ရံကိုတွေ့လိုက်ရလေသည်။အညို့မော့ကြည့်လိုက်တော့အညို့ရဲ့ချစ်ရပါသောသူငယ်ချင်းမောင်လေ။
မောင်ကလေသိပ်ချောတာသိလား။ငယ်ငယ်ကတည်းကအညို့ကိုမောင်ကကာကွယ်ပေးခဲ့တာ။မုန့်ဖ်ုးမပါလာရင်လဲမောင်ကအမြဲမုန့်ဝယ်ကျွေးတာ။အခုကြည့်ပါဦးမောင်ကလေအညို့ကိုမယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့ကြည့်နေတယ်။မောင်ကသူ့သဘောစိတ်ဆန္ဒပြည့်ဝသွားပြီထင်ရဲ့။အညို့ကမောင့်ကိုကြည့်ပြီးပြုံးပြလိုက်လေရဲ့။
"မောင် ခြေထောက်ဖယ်ပေးဦးနင်ငါ့ပုဝါကိုနင်းထားတယ်"
တော်ဝင်မောင်မယုံနိုင်ချင်းများစွာနဲ့အညို့ကိုကြည့်လို့နေသည်။ညို့မျက်နှာမှာအညိုကွက်တွေနဲ့လက်ချောင်းရာတွေ။ပါးစပ်လှုပ်ရုံလေသံဖြင့်အညို့လိုသာခေါ်လိုက်နိုင်သည်။ခြေထောက်ကိုဖယ်ပေးတော့အညို့ကပုဝါကိုခပ်သာသာသာကောက်လိုက်သည်။သေချာကြည့်တော့အညို့လက်မှာလဲအရှိုးရာတွေနဲ့ပါလား။
အညို့ထရပ်ပြီးမောင်ကိုမော့ကြည့်ကာပြုံးပြလိုက်သည်။ပြီးပြီးချင်းပင်အညို့ကနောက်ကိုလည့်လိုက်ပြီးထွက်သွားရန်ပြင်လိုက်တော့သည်။အညို့ကသူ့အိမ်ကိုတစ်ချက်ကြည့်လိုက်ပြီးထွက်သွားလေပြီ။တော်ဝင်မောင်ကားလှမ်းမဆွဲလိုက်မိတော့ပေ။အညို့ကိုဆုံးရှုံးရတော့မည်မထင်မိ။
YOU ARE READING
ဖြစ်တည်မှု
Historia Corta"ဖြစ်တည်မှု" တဲ့ လှလိုက်တဲ့စကားလုံးတွေ အဲ့စကားလုံးတွေရဲ့နောက်မှာပျက်ဆီးသွားတဲ့၊မကယ်တင်နိုင်လိုက်တဲ့၊လူမသိသူမသိပျောက်ကွယ် ဖုန်းကွယ်ထားရတဲ့ သနားစရာဘဝတွေရှိတယ်ဆိုတာ လူတိုင်းရဲ့စိတ်ထဲမှာနေရာတစ်ခုရစေချင်တယ်။ "ျဖစ္တည္မႈ" တဲ့ လွလိုက္တဲ့စကားလုံးေတြ အဲ့စကားလ...