305 41 0
                                    


•••


ဂျဲနိုက သူရဲ့လေလိုလျှင်မြန်တဲ့ခြေလှမ်းတွေနဲ့ သူ့အရှေ့နှစ်တန်းကျော်ကအတန်းဖော်လေး အခန်းအပြင်မထွက်ရသေးခင် ပိတ်ရပ်လိုက်နိုင်တယ်။

သူက စိတ်ကျေနပ်စွာဖြင့် မျက်လုံးတွေမှိတ်တဲ့အထိ ထိုကောင်လေးအားပြုံးပြလိုက်သေးတာ။

တစ်ဖက်လူကတော့ သူ့လမ်းလာပိတ်လို့ စိတ်ရှုပ်နေဟန်။

" မင်းငါ့ကို ဒီနေ့အဖြေပြန်ပေးမယ်လို့ ပြောထားတယ်လေ။ "

" အာ..ဟုတ်သားပဲ..မေ့တော့မလို့။ "

တစ်ဖက်လူကသူ့ကို တည့်တည့်ရှုရှုကြည့်လာတာကြောင့် ချိုမြိန်နေတဲ့အကြည့်မဟုတ်ဘဲနဲ့တောင် ဂျဲနိုမှာရင်တွေခုန်လာရတယ်။

" စိတ်မကောင်းပါဘူး၊ ငြင်းတယ်။ "

ဂျဲနို့ရင်ထဲက အသဲပုံပူပေါင်းလေးတွေက အပ်နဲ့အဖောက်ခံလိုက်ရသလိုပါပဲ။

တစ်ဖက်လူက ပြောပြီးတာနဲ့ သူ့အားတွန်းဖယ်ပြီး ထွက်သွားတယ်၊ မျက်နှာကလည်းရယ်ချင်တာကို ထိန်းထားရတဲ့ ပုံစံကြီးနဲ့။

နာဂျယ်မင်း ဒီနေ့ နည်းနည်းလေးမှ ချစ်ဖို့မကောင်းဘူး။

သူများကို ငြင်းရတာ အဲ့လောက်တောင် ပျော်စရာဖြစ်နေတာလား။

•••

ဂျယ်မင်းမှာ သူ့နောက်ကတစ်ယောက်ကို 'ငါ့နောက်ကိုဘာလို့လိုက်နေတာလဲ' ဆိုပြီးစွပ်စွဲလို့လည်းမရပါ။ တိုက်ဆိုင်စွာပင် ဂျယ်မင်းပြောင်းလာသည့်အိမ်က ဂျဲနို့အိမ်နဲ့ဘေးချင်းကက်ရပ်ဖြစ်နေခဲ့တာကိုး။

ရေခဲမုန့်ဆိုင်ရှေ့ရောက်တော့ ဂျဲနိုက သူ့လက်ကို အတင်းဆွဲခေါ်ထားတာကြောင့် ဂျယ်မင်းမှာ စောင့်ပေးလိုက်ရသေးတယ်။

ဂျဲနိုလက်ထဲမှာကိုင်လာသည့် ရေခဲမုန့်နှစ်ခုလုံးက စတော်ဘယ်ရီအရသာတွေချည်းပဲ။

တကယ်တော့ ဂျယ်မင်းလည်းစားချင်နေခဲ့ပေမယ့် စတော်ဘယ်ရီဆိုရင်မြင်တောင်မမြင်ချင်တာမို့ ဂျဲနိုကိုအဖတ်မလုပ်တော့ဘဲ အရင်ထွက်သွားလိုက်သည်။

𝗂 𝗐𝖺𝗇𝗇𝖺 𝖻𝖾 𝗒𝗈𝗎𝗋𝗌 [𝗇𝗈𝗆𝗂𝗇]Where stories live. Discover now