မိတ်ဆက်

933 78 14
                                    

သည်းထိတ်ရင်ဖိုဂိမ်းထဲက Yandere Boss နဲ့ငါ ချစ်ကြိုးသွယ်သွားမိခဲ့တယ်
ခေါင်းစဉ် -  在恐游里和病娇BOSS谈恋爱
ရေးသားသူ- 雾星灯 IL
အခန်းရေ - 107 အခန်း (completedဖြစ်ပြီးသား)

ဖော်ပြချက်-

တခြားသူတွေက သည်းထိတ်ရင်ဖိုဂိမ်းထဲမှာ အပြင်းအထန်တိုက်ခိုက်နေကြသော်လည်း ဖန်းရှီကတော့ သူ့ဖုန်းအား လက်ထဲမှချရန် တွန်းအားပေးခြင်းခံနေရသည်။အကြောင်းမှာ သူနှင့်အတူပါလာသည့် မယ်ရီဆူးစွမ်းရည်ကြောင့် Yandere Boss ကြီး နှင့် ဆုံတွေ့နေသောကြောင့်ပင်။

၁။ မင်းက ကမ္ဘာပေါ်မှာ ဆွဲဆောင်မှုအရှိဆုံးနဲ့ အလှပဆုံးလူတစ်ယောက်ပဲ။

၂။ မငိုနဲ့လေ..မငိုပါနဲ့...မင်းရဲ့မျက်ရည်တွေက အဖိုးတန်ပုလဲတွေလေ

၃။ မင်းစိတ်ခံစားချက်အတိုင်း ဆံပင်တွေကလိုက်ပြီး အရောင်ပြောင်းသွားလိမ့်မယ်

၄။ နေ့တိုင်း မတူညီတဲ့ မီတာ ၁၀၀ရှိတဲ့ အိပ်ယာကနေ မင်းနိုးလာလိမ့်မယ်

၅။ မင်းက နယ်မြေပေါင်း ၂၅၀ တောင်ရှိတဲ့ မင်းသားလေး။မင်းနာမည်က Fang-Bingjingliandie Nicholas ( စာလုံးရေ ၁၀,၀၀၀ ချန်လှပ်ထား)...

သူ့အရည်အချင်းတွေကို ကြားသိလိုက်ရတဲ့ ဖန်းရှီ : QAQ...

အားနည်းသူ။သနားစရာကောင်းပြီး အားကိုးရာမဲ့တဲ့သူ.....စသဖြင့် အသုံးမဝင်တဲ့ ကျွမကျင်မှုတွေ။

အိပ်ယာပေါ်လူးလှိမ့်ခြင်းက အသုံးမဝင်တဲ့ အမှိုက်တစ်စလို့ သူတွေးခဲ့တယ်။ဒါက ဘယ်လောက်တောင်မှ ဝမ်းနည်းစရာကောင်းလိုက်သလဲ။

ဘယ်သူသိနိုင်မလဲ...

ပင်လယ်ရေနက်ထဲမှာနေတဲ့ Yandere Bossကြီးက သူ့ကို လှောင်အိမ်ထဲပြန်ထည့်လိုက်ပြီး သူ့မျက်လုံးထောင့်စွန်းတွေကို ချစ်မြတ်နိုးစွာနမ်းလိုက်ပြီး
"ပုလဲတွေကို ဘာလို့ပစ်ချထားတာလဲ" လို့မေးလာတယ်။

မဟူရာကျောက်နက်လိုမည်းမှောင်တောက်ပနေတဲ့မျက်ဝန်းပိုင်ရှင် Yandere Boss ကြီးက သူ့ဆံပင်ကိုနူးညံ့စွာပွတ်သပ်ရင်း "မင်း ငါ့ကို သဘောကျလား" လို့ မေးလာပြန်တယ်။

အဖမ်းခံထားရသည့်နေရာမှ ထွက်ပြေးလာပြီးနောက် ပြန်ဖမ်းမိပါက နောက်တစ်ယောက်ရဲ့နာမည်ကို ရေရွတ်လိုက်ရုံပါပဲ။

ဖန်းရှီ : "....."

ရဲတိုက်ထဲတွင် အိပ်ပျော်နေသည့်အလှလေး Yandere Boss ကြီးက "မင်း ငါနဲ့တစ်ကုတင်တည်းအတူ အိပ်ချင်တယ်လို့ ကြားတယ်" ဆိုပြီး ရှက်ရွံ့စွာနဲ့ မေးလာပြန်တယ်။

နောက်ဆုံးတော့ ကျောက်တုံးကို ရွှေအဖြစ် ပြောင်းတဲ့ အတတ်ပညာတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်နဲ့တီထွင်တတ်‌မြောက်နိုင်ခဲ့ပြီးနောက်မှာတော့ အမြဲရွှေငွေကျောက်မျက်ရတနာတွေကိုပဲမျက်စိထဲထည့်လေ့ရှိတဲ့ မကောင်းဆိုးဝါးနဂါး big boss ကြီးက သူထွက်ပြေးတာကိုလိုက်ဖမ်းပြီး သူ့ကိုဂူထဲသို့ပြန်ဖမ်းခေါ်သွားပြန်တယ်။

ဖန်းရှီ : QAQ...

ဂိမ်းဆော့ချင်တယ်....ဂိမ်းဆော့ချင်တယ်လို့။ငါ့ကို ဘယ်သူ့မှ လာမတားကြနဲ့

နောက်ပိုင်းတွင် ‌ဖန်းရှီသည် ထို Yandere Boss တွေအားလုံးက လူတစ်ဦးတည်းဖြစ်နိုင်တယ်လို့ အမြဲခံစားနေရတယ်။

# တခြားသူတွေ လွတ်မြောက်ဖို့ အစွမ်းကုန်ကြိုးစားနေချိန်မှာ ငါကတော့ မယ်ရီဆူးရောင်ဝါကိုအားကိုးပြီး အားလပ်ရက်ခရီးထွက်နေသလိုပါပဲ#

# Yandere Bossကြီးက ငါ့ကို အမြဲလှည့်စားနေတယ်။သူ့လက်ကလွတ်အောင် ဘယ်လိုလုပ်ရမလဲ#

#ဒီနေ့လည်း ထပ်ပြီး မယ်ရီဆူးရောင်ဝါပွင့်ပြန်ပြီ#

# အရေးအသားက လိမ္မာပါးနပ်ပြီး ဟာသဆန်တော့ အရမ်းကြောက်ဖို့မကောင်းဘူးဆိုတာ ကြိုပြီး အသိပေးထားပါရစေ#

#ရွှေလက်ချောင်းကို အားကိုးပြီး လွတ်မြောက်အောင်လုပ်ခြင်း ~ မရေမတွက်နိုင်အောင် အကျီဆုတ်ဖြတ်ခြင်းခံရ#

# 1 Vs 1 ဖြစ်ပြီး ခွေးစာတွေ တနင့်တပိုးစားရလိမ့်မယ် #

ငါက ဒီဂိမ်းရဲ့နတ်ဘုရား...ငါ မင်းကို အမြင့်မြတ်ဆုံး ကောင်းချီးပေးပြီး ထာဝရ ကာကွယ်စောင့်ရှောက်သွားမယ်။

သည်းထိတ်ရင်ဖိုဂိမ်းထဲက Yandere Boss နဲ့ ငါချစ်ကြိုးသွယ်သွားမိခဲ့တယ်Where stories live. Discover now