Arc 1 - မင်းစိတ်ခံစားချက်ပေါ်မူတည်ပြီး ဆံပင်တွေအရောင်ပြောင်းသွားလိမ့်မယ်

184 33 2
                                    

Chapter 02 Kindergarten Difficulty That's All

သူရောက်ရှိသွားသောနေရာမှာ စွန့်ပစ်ထားသောစာသင်ခန်းကြီးတစ်ခုဖြစ်ပြီး စားပွဲများ နှင့် ထိုင်ခုံများက သေသေသပ်သပ်မရှိ ကြုံရာကျပန်းစုပုံထားပြီး ဖုန်အလိမ်းလိမ်းတက်နေသည်။ညနေခင်းနေဝင်တော့မည်ဖြစ်သဖြင့် မှောင်ရီဝိုးတဝါးအလင်းရောင်ကိုသာ မြင်နေရသည်။

ခန္ဓာကိုယ်က သူ၏ကိုယ်ခန္ဓာအစစ်မဟုတ်သော်လည်း မျက်နှာနှင့် ကျောင်းဝတ်စုံတွင်ရေးထိုးထားသည့်နာမည်က သူ့နာမည်အစစ်နှင့်ပင်။

ဒါပေမဲ့ ဂိမ်းထဲကလူတွေကတော့ သူ့မျက်နှာပြောင်းသွားသည်ကို သတိထားမိကြမှာ မဟုတ်။

ဖန်းရှီ၏စိတ်ထဲ ဗလာဖြစ်နေသည်။

ဂိမ်းထဲတွင် အမြဲလိုလို ဆောင်ပုဒ်တစ်ခုစီရှိသည်။ဖန်းရှီ သတိရသွားကာ မေးမြန်းလိုက်သည်။

"ဒီကမ္ဘာရဲ့ဆောင်ပုဒ်က ဘာလဲ?"

သူနောက်ဆုံးဝင်ခဲ့သည့်ဂိမ်း၏ဇာတ်ကြောင်းမှာ အမဲလိုက်မုဆိုးတွေလက်ထဲက စနိုးဝှိုက်ကို ကယ်ဆယ်ရန်ပင်ဖြစ်သည်။

ဒီဂိမ်းက...ကျောင်းတွင်းဇာတ်လမ်းဆိုတော့....ဖန်းရှီစိတ်ထဲ ထိတ်လန့်စရာရုပ်ရှင်များထဲမှ ဂန္တဝင်မြောက်မြင်ကွင်းများကို မြင်ယောင်လာသည်။

778 ၏စီးပွားရေးဆန်ဆန်အသံက ထွက်ပေါ်လာသည်။ 'ခဏလေးစောင့်'

ဖန်းရှီ နှုတ်ခမ်းဆူသွားသည်။

ထိုစဉ် လေလှိုင်းကိုဖြတ်ပြီး ရုတ်တရက် ထွက်ပေါ်လာသော အသံတစ်ခု

[ ကစားသမားများ...ကစားသမားအားလုံး သက်ဆိုင်ရာနေရာကိုရောက်နေပြီဖြစ်တာကြောင့် ဒီဂိမ်းကိုဖြေရှင်းရမဲ့ ပြဿနာကို စတင်ကြေညာပါတော့မယ် ]

[ ကလေးတစ်ယောက်ကို ခြောက်ပစ်ကင်းသဲလဲစင်ဖြစ်အောင် ပြုစုပျိုးထောင်ဖို့အတွက် ဘာတွေလိုအပ်ပါသလဲ ]

[ ဂိမ်းစတင်ပြီဆိုတာနဲ့ ကစားသမားတို့ကိုယ်တိုင် အဖြေစရှာလို့ရပါပြီ။အသက်ရှင်လျက်ကျန်ခဲ့သူက ၅မှတ်ရရှိမှာဖြစ်ပြီး သေသွားတဲ့လူတွေအတွက်‌ကတော့ အမှတ်ပေးမည်မဟုတ် ]

သည်းထိတ်ရင်ဖိုဂိမ်းထဲက Yandere Boss နဲ့ ငါချစ်ကြိုးသွယ်သွားမိခဲ့တယ်Where stories live. Discover now