အပိုင်း-(၈)

141 5 3
                                    

-ဟိတ် သျှင်သျှင် ငါတို့ကိုတောင်မစောင့်ဘူး စားနေပြီပေါ့

-မှာစားလေဟယ် ငါက တီချယ်ထမင်းစားချိန်နောက်ကျသွားမှာစိုးလို့ မစောင့်လိုက်တာ

-အေးပါကွာ တီချယ်အေးဆေးစားနော် သျှင် နင်တီချယ့်ဘက်သွားထိုင် ဖယ် ဖယ် ဒီနေရာငါတို့ထိုင်မယ် လာ ပိုင်စိုး သားကြီး

-ဇွတ်ဟယ်

-ဇွတ်ဇွတ်ပဲ

-သျှင် ထမင်းပေါင်းက စားကောင်းလား

-ရှယ်ပဲ

-အေး အဲဒါဆို ငါလည်းထမင်းပေါင်းပဲမှာတော့မယ် ပိုင်စိုးရော ဘာစားမလဲ

-ကျွန်တော်လည်း ထမင်းပေါင်းပဲစားမယ်လေ

-ဟုတ်ပြီ

ထမင်းစားကြရင်း ကလေးမနဲ့သူ့သူငယ်ချင်းတွေ ရန်ထထဖြစ်နေလို့ “ဧကရီ့”မှာ သူတို့ကလေးဘဝလေးတွေကို သဘောကျမိတာ အခါခါ

-‌ပိုင်စိုး သားကြီး

-ပြော

-ဒီဘက်ခနလှည့်

-ဘာလို့

-ဟာ ဟေ့ကောင် ဘာလုပ်တာလဲဟ

အကြောင်းမှာ နောင်မှ ပိုင်စိုးနဖူးမှ ထွက်နေသော ချွေးစများအား တယုတယသုတ်ပေးနေသောကြောင့်ပင်။ သျှင်နှင့်အတူ တီချယ်မှာလည်း ရယ်ချင်စိတ်ကိုထိန်းထားရသည်ထင်ရဲ့။ တီချယ်က နောင်တို့နှစ်ယောက်ကိုကြည့်နေပေမယ့် သျှင်ကတော့ တီချယ့်ကိုပဲကြည့်နေမိသည်။ တီချယ်ပြုံးတာ သျှင်မမြင်ဖူးဘူးလေ။ သေးသေးလေးပြုံးတာတောင် တော်တော်ကိုလှသည့် တီချယ်။

-မင်းစားနေရင်း ချွေးထွက်နေလို့လေကွာ

-ငါ့ဟာငါသုတ်မှာပေါ့ကွ ပြောလိုက်ရနေတာကို မင်းကလည်း

-မင်းကရှက်နေတာလား ချစ်စရာကောင်းတာပိုင်စိုးရာ

-ဟေ့ကောင် ချီး ကန်တော့ ကန်တော့ပါတီချယ်ရယ် ဒီကောင် လိုက်လိုက်စနေတာ သျှင့်အတိုင်းပဲ

-ဟင် ငါကဘယ်ကပါလာတာတုန်းပိုင်စိုး အေးအေးလေးပါနော်ငါက

-တီချယ် တစ်ယောက်တည်းပြန်ရမှာလား သမီးတို့လိုက်ပို့ပေးရမလားတီချယ်

အချစ်မည်သည် လေဒီသာဖြစ်ကြောင်းWhere stories live. Discover now