အချိန်တွေသည် စက္ကန့်၊မိနစ်၊နာရီများကိုဖြတ်သန်း၍ တစ်ရွေ့ရွေ့နှင့်ကုန်ဆုံးလာသည်မှာ ကျောင်းများ အအပ်လက်ခံသောနေ့သို့ပင် ရောက်ရှိလာပြီဖြစ်သည်။ ကျောင်းဝန်းထဲတွင် အဖြူအစိမ်းဝတ်စုံလေးများနှင့် ကျောင်းသား၊သူများက ညီညာစွာတန်းစီ၍ မိမိတို့သက်ဆိုင်ရာအတန်းအလိုက် ကျောင်းအပ်နှံနေကြသည်။ ဆရာ၊မ များကလည်း သက်ဆိုင်ရာအလိုက် တာဝန်ထမ်းဆောင်ကာ အလုပ်များနေလေသည်။ ထိုထဲတွင် ဒေါ်“မိုးဧရီလှိုင်”လည်းမပါမဖြစ်ပင်ဖြစ်သည်။
-မေမေ သမီးကိုဒီကစောင့်နေနော် အပ်ပြီးတာနဲ့လာခဲ့မယ်
-အေးအေးသမီး
ဒေါ်“သံသာမြရောင်”တစ်ယောက် သူမ၏သမီးလေးအားကြည့်၍ ပီတများဝေဖြာနေလေသည်။ သူမ၏ မျက်လုံးထဲတွင် “ဂမုန်းရိပ်သျှင်”အား ကလေးလေးဟုသာမြင်နေစဲဖြစ်သည်။ အထက်တန်းထိရောက်လာသည်ကိုပင် ဂုဏ်ယူမဆုံးဖြစ်နေသည်။
-သမီးနာမည်
-ဂမုန်းရိပ်သျှင်ပါ ဆရာမ
-အရင်နှစ်က နေခဲ့တဲ့အတန်းကရော
-ဟုတ် ကိုးတန်း(B)ပါရှင့်
-ဘယ်လို သမီးကဆယ်တန်းလား ဒီနေရာက ကိုးတန်းလက်ခံတဲ့နေရာ သမီးရဲ့
-ရှင်! အာ ဟို ဒါဆို ဆယ်တန်းကဘယ်နားလေးမှာလဲဟင် ဆရာမ
စအပ်တဲ့နေ့မှာတင် “ဂမုန်းရိပ်သျှင်”တို့ကတော့ အလွဲလေးနှင့်ပင်။ သူမ၏သူငယ်ချင်းများကို မတွေ့တာကြောင့် စဉ်းတော့စဉ်းစားမိပါသေးသည်။ ဆရာ၊ဆရာမများကို မမြင်ဖူးတာကြောင့် ဆယ်တန်းဖြစ်မယ်ဟုထင်ကာ ဝင်အပ်လိုက်ခြင်းသာဖြစ်သည်။
-ဟိုနားက ဧကရာဇ်ပင်ကိုတွေ့လားသမီး အဲအပင်နောက်က အခန်းမှာ ဆယ်တန်းက
-ဟုတ် ကျေးဇူးတင်ပါတယ် ဆရာမ
-သမီးခန အစ်မရေ အတော်ပဲ ဒီကလေးမလေးကို ခေါ်သွားပေးပါဦး ဆယ်တန်းအပ်တဲ့စီကို အမအဲဒီကိုသွားမှာမလား
-ဟုတ်တယ်ညီမ အစ်မလိုတာလေးတွေလာယူလှည့်တာ
-ဒါဆို ခေါ်သွားလိုက်ပါဦးအစ်မ
YOU ARE READING
အချစ်မည်သည် လေဒီသာဖြစ်ကြောင်း
Romanceနှလုံးသားနှစ်စုံဟာ ထပ်တူကျနေပါလျက်နဲ့ တစ်ဦးကဝန်မခံသောအခါ ထိုလူသားနှစ်ဦးသည် ဝင်္ကပါထဲတွင် လမ်းပျောက်နေသကဲ့သို့ ဖြစ်ရသည် အချစ်မရှိသောဘဝသည် ပျော်ရွှင်စရာမကောင်းသကဲ့သို့ အချစ်ရှိသောဘဝသည်လည်း ပူဆွေးမှုများကြုံရသည် အချစ်သည်ဘဝကြီးမဟုတ်ပါသော်လည်း ဒေါ် "မို...