Part 2

39 8 0
                                    

Part 2
တိမ်စိုင်ကလေးတွေနဲ့အုပ်မိုးထားသောကောင်းကင်အောက် ပျံလွှားငှက်ကလေးများသည် ဝဲပြီးပျံသန်းနေကြသည်။နွေရာသီဆိုပေမယ့် ဘေးပတ်ဝန်းကျင်သည် စိမ်းစိမ်းစိုစိုနှင့် လမ်းနံဘေးက ပင်လယ်လှိုင်းရိုက်ခတ်သံကိုလည်း ကြားနေရသည်။

Roseကဘေးနားတွင် အိပ်၍ပါလာပြီး Love နှင့် Hank ကတော့ ရှုခင်းတွေလိုက်ကြည့်ကာ ထူးဆန်းနေကြသည်။ကားအမိုးကိုဖွင့်မောင်းလာသောLisaသည် ချက်ချင်းဆိုသလို တဖွဲဖွဲကျနေသော မိုးစက်ကလေးများကြောင့် အမိုးကိုပိတ်လိုက်သည်။ငယ်ငယ်ထဲကခရီးထွက်ရတာကိုကြိုက်သည့်Lisaဟာ လန်းဆန်းတက်ကြွနေပြီး ရေဒီယိုကိုဖွင့်ကာ လာနေသောသီချင်းကို လိုက်ဆိုလိုက်
သည်။
'Can't take my eyes off you .............'

လမ်းတောက်လျှောက်မနားပဲမောင်းလာသဖြင့် သိပ်မကြာပဲ ရောက်လာခဲ့သည်။Hotel သို့ရောက်အပြီး တက်ကြွနေသော Lisa က ပင်လယ်ထဲသို့သွားရန်အသင့်ဖြစ်နေ၏။
အလုပ်တွေရှုပ်နေသဖြင့် အလုပ်ခရီးမှလွဲ၍ အပန်းဖြေခရီးမထွက်ဖြစ်ခဲ့သည်မှာ တစ်နှစ်လောက်ကြာပြီဖြစ်သည်။ပင်လယ်ပြင်မှာ မိုးစက်ဖွဲဖွဲလေးတွေနှင့် တိုက်ခတ်နေသော လေများကြောင့် လှိုင်းလေးတွေ ပေါ်ပေါ်လာသည်။
'ရိုဂျယ် ငါတို့ Seopjikoji ကိုသွားရအောင်။ညနေဖက်ဆိုတော့ နေဝင်ချိန်တူတူကြည့်ရင်း Love နဲ့ Hank ပါကစားလို့ရတယ်လေ'
ကားမူးတတ်သောRoseသည်Lisaခေါ်ရာနောက်မလိုက်တော့ပဲ ခွေးလေးနှစ်ကောင်ကိုသာခေါ်သွားပြီး ပြန်လာရင်သာမုန့်ဝယ်လာခဲ့ပေးဖို့မှာကာ ကုတင်ပေါ်ပစ်လှဲချလိုက်သည်။ခွေးလေးနှစ်ကောင်ကတော့ မရောက်ဖူးသည့်နေရာအသစ်ဖြစ်သောကြောင့် ဝရံတာမှအပြင်ကို ငေးကြည့်ကာ ခုန်ပေါက်ဆော့နေကြ၏။ဒီလိုနဲ့love နဲ့ hank ကိုခေါ်ကာထွက်လာခဲ့လိုက်သည်။

ကားကို ဟိုတယ်မှာပဲရပ်ခဲ့ပြီး လမ်းလျှောက်ထွက်လာသည့် Lisa မှာ Love နှင့် Hank ပြေးလွှားဆော့နေကြသည်ကို ဓာတ်ပုံရိုက်နေသည်။ဆက်လျှောက်လာတော့ မီးပြတိုက်ကိုလှမ်းတွေ့နေရပြီး တက်မည့်လမ်းတစ်လျှောက် canola ပန်းပွင့်ချိန်ရာသီဖြစ်၍ ပန်းများသည် လှလှပပပွင့်ဖူးနေကြသည်။ထိုပန်းလေးတွေသည် Lisa အကြိုက်ဆုံးအဝါရောင်ဖြစ်သဖြင့် ပန်းလေးတွေကိုမြင်ရတာနဲ့ lisa စိတ်ထဲတွင် အလွန်ပျော်ရွှင်နေသည်။ခွေးလေးနှစ်ကောင်လည်း မီးပြတိုက်ရှိရာသို့ ပြေးတက်သွားပြီး လီဆာကတော့ ပင်လယ်၏အလှတရားများကိုခံစားရင်း ဓာတ်ပုံကလေးတွေသာ ရိုက်ယူနေသည်။

If you were a flower I will choose youWhere stories live. Discover now