໒꒰ྀི ๑˙―˙๑ ꒱ྀིა ကျေးဇူးတင်လွှာ ໒꒰ྀི ˊᗜˋ* ꒱ྀིა

5.9K 400 51
                                    

(Uni)

Hello ~ Hello!
စာဖတ်သူလေးများရဲ့ မနက်ဖြန်..၊
တူမောရိုးချန်ရဲ့ လေကြောရှည်မှုလေး စတင်ပါပြီ။

February 3 ရက်နေ့မှာစခဲ့တဲ့ ငပြူးငလူး ခရီးစဉ်လေးကတော့ လေးလမပြည့်ခင်မှာပဲ အပြီးသတ်သွားခဲ့ပါတယ်။
ကိုယ့်ရဲ့ ဒုတိယမြောက် fiction လေးကို စုစုပေါင်း 42 ပိုင်းအထိ ရေးနိုင်ခဲ့တာကြောင့်လည်း တအားပျော်နေမိပါတယ်။

ငပြူးငလူးက ကိုယ့်အတွက်ပထမဆုံး complete ဖြစ်သွားခဲ့တဲ့ fiction တစ်ပုဒ်ပါ။
ဝါသနာပါလို့သာ fiction တွေ စရေးဖြစ်ခဲ့ပေမဲ့ ရေးမိသမျှ ဘယ် fic ကိုမှ ဇာတ်သိမ်းအထိရောက်အောင် တူမောရိုး မရေးခဲ့ဖူးဘူးရယ်။

________

ငပြူးငလူး ခရီးစဉ်အစအဆုံးမှာ ongoing လိုက်ပေးခဲ့ကြတဲ့ စာဖတ်သူများရဲ့ vote / comment တွေကလေ..၊
ကိုယ့်ကို အားအင်အပြည့်နဲ့ ဆက်ရေးနိုင်အောင်လို့ တွန်းအား‌တစ်ခု ဖြစ်စေခဲ့ပါတယ်။

ကလေးနှစ်ယောက်အပေါ်မှာ မမျှော်လင့်ထားတဲ့ အားပေး ချစ်ခင်မှုများစွာကို ပေးအပ်လာခဲ့ကြတာကြောင့်..၊
တူမောရိုးအနေနဲ့က ကိုယ်တတ်စွမ်းသမျှ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားတဲ့ fic လေးတစ်ပုဒ်ကို အခုလိုမျိုး ချပြနိုင်ခဲ့တာပါ။

ဒီအတွက်လည်း character art ပိုင်းမှာ အကောင်းဆုံး ဖန်တီးပုံဖော်ပေးခဲ့တဲ့ အစ်မမိဆု ( Artist TiramiSu ) ကို ကျေးဇူးအများကြီးတင်ရှိကြောင်း ထပ်မံပြောချင်ပါတယ်။
ဒါ့အပြင် ဇာတ်လမ်းပိုင်း လိုအပ်ချက်တွေမှာ အကြံဉာဏ်ကူပေးခဲ့တဲ့ ကိုယ့်သူငယ်ချင်း ခင်ဆုသျှင်ကိုလည်း အများကြီးချစ်တယ်နော်။

ငပြူးငလူးကို ချစ်ခင်ပေးကြတဲ့ စာဖတ်သူလေးတွေက ကိုယ့်ရဲ့ဇာတ်‌လမ်း အနိမ့်အမြင့်ပေါ်မူတည်ပြီး လိုက်ပါ ခံစား‌ပေးခဲ့သလို..၊
အရေးအသားပိုင်းမှာ လိုအပ်ချက်တွေအများကြီး ရှိနေ‌တာတောင်မှ အချိန်ပေးပြီး မြတ်နိုးစွာနဲ့ ဖတ်ရှုပေးကြတဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာရပါတယ်။

အရေးအသားပိုင်းနဲ့ ဇာတ်အိမ်ပိုင်းတွေမှာ အခုထက် ပိုကောင်းလာအောင် တူမောရိုးကြိုးစားပြီး ပြင်ဆင်သွားပါမယ်ရှင့်..။

ငပြူးငလူး ( Completed )Where stories live. Discover now