Part 5

6.4K 19 0
                                        

အပိုင်း ၅ - ချစ်ညီမလေးနဲ့ တူတူအိပ်ယာ ထမယ်

ကြည့်ရတာတော့ ညီမလေးက ဒီမှာ အိပ်ဖို့ ဆုံးဖြတ်ထားပုံပဲ။ အခုအချိန်မှ သူမလေးကို ထပြီး ဟန့်တားဖို့ကျပြန်တော့ ကျွန်တော်ကိုယ်တိုင်က အိပ်ချင်ယောင်ဆောင်နှင့်ရက်သား ဖြစ်နေတော့ ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ လောလောဆယ်တော့ မီးစင်ကြည့်ကရတော့မှာပေါ့..။

မိနစ်အနည်းငယ်အတွင်းမှာပဲ သူ စိတ်ထင်လို့ပဲလား? သူမလေးကတော့ ပြသာနာကို မီးထွန်းရှာထားပြီး နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်မောကျသွားပြီ။ အားး...ကျွန်တော့်အဖြစ်က ဆိုးလိုက်တာဗျာ...ရေချိုးဖို့ အခွင့်အရေးကို လက်လွတ်ခံလိုက်ရပြီ။  ပြောရရင်တော့ ကိုယ့်အပြစ်နဲ့ကိုယ် ရေမချိုးလိုက်နိုင်တာဆိုပေမဲ့လည်း ကျွန်တော် တကယ်ကြီး ရေချိုးချင်နေတာပါ။ လူတစ်ကိုယ်လုံး ချွေးစီးတွေနဲ့ရော တခြားစည်းကပ်ကပ်အရာတွေကြောင့်ပါ နံစော်နေပြီဆိုတော့ ရေတော့ ထချိုးမှကို ဖြစ်တော့မှာ..။

အဲ့လိုနဲ့ သူမလေး မနိုးလာဖို့ရာ အသံမထွက်အောင် ထိန်းပြီး အိပ်ရာပေါ်ကနေ ဆင်းဖို့ အတော်လေး ကြိုးစားလိုက်ရတယ်။ ခြေသံကို ဖွဖွလျှောက်ရင်း ရေချိုးခန်းဆီ အမြန် သွားလိုက်တယ်။ ထိုစဉ် ဧည့်ခန်းထဲကနေ စကားပြောဆိုနေသံသဲ့သဲ့ ကြားလိုက်ရတယ်။ ကြည့်ရတာတော့ အခုမှ အဖေ အလုပ်ကနေ အိမ်ပြန်ရောက်လာတာပဲ ဖြစ်ရမယ်။

ရေချိုးပြီး အခန်းထဲပြန်ရောက်လာတော့ ညီမလေးက ကျွန်တော့်အိပ်ယာပေါ်မှာ အိပ်မောကျနေတုန်းပဲ။ သူမလေးရဲ့ ပျော့အိပါးလွှာတဲ့ ညအိပ်၀တ်စုံလေးရဲ့ ရင်ဘတ်နေရာနားက သူမ အသက်ရှုနှုန်းထားအတိုင်း နှိမ့်လိုက် မြင့်လိုက်နဲ့ စည်းချက်ကျကျ လှုပ်ရှားနေတယ်။ သူမရဲ့ အကာအကွယ်ကင်းမဲ့ပြီး ဖြူဖြူစင်စင်အိပ်မောကျနေတဲ့ပုံစံလေးက အေးချမ်းပြီး အပြစ်ကင်းစင်ကာ သူမလေးကို မြင်နေကျပုံစံထက် ပိုပြီး နုငယ်သွားစေတယ်။

"အရှုပ်ထုပ်လေး.. အိပ်​​ပျော်​​နေတာ​တောင်မှ ချစ်ဖို့ကောင်းနေတုန်း​..."

ညီမလေးရဲ့ ဆံပင်တွေကို ညင်သာစွာ ပွတ်သပ်ပေးလိုက်တယ်။ သူမလေးရဲ့ ဆံနွယ်ပျော့ပျော့လေးတွေကို လက်နဲ့ ပွတ်သပ်ပေးရတာ အရမ်းကောင်းတာပဲ....။

My Lovely Step-SisterWhere stories live. Discover now