Part 4

5.5K 25 0
                                        

တံခါးခေါက်သံက ကျွန်တော့်ကို အတွေးကမ္ဘာထဲကနေ လက်တွေ့ဘဝသို့ ပြန်ရောက်လာစေတယ်။

ဟုတ်တယ်..

အခုလာတာ ရေချိုးပြီးရင် လာပြောဖို့ မှာထားခဲ့တဲ့ သူမက လွဲလို့ ဘယ်သူများ ဖြစ်နိုင်မှာတဲ့လဲ~~~

 ဒါပေမယ့်...လက်ရှိအခြေအနေအရ သူမကို အခုအချိန်မှာ တွေ့ရမှာ အဆင်မပြေလှဘူး။ ဒါကြောင့် ကလေးဆန်တဲ့လုပ်ရပ်မှန်း သိပေမဲ့ အိပ်ချင်ယောင်ပဲ ဆောင်နေလိုက်တော့တယ်။

"ကိုကို့...ညီမလေး ဝင်ခဲ့မယ်"

အာ- အသံကတော့ စိတ်ဆိုးနေပုံပဲ!

အဲ့နောက် သူမက တံခါးကို တန်းဖွင့်ကာ ရဲရဲတင်းတင်း ဝင်ချလာတယ်။ ခေါင်းလျှော်ရည်နဲ့ ဆပ်ပြာရည် ရောနေတဲ့ အနံ့မွှေးမွှေးလေးက သူမလေးဆီက  သင်းခနဲ ပျံ့လွင့်လာတယ်။ သူမလေးက ကျွန်တော့်နားကို ခပ်သွက်သွက် လျှောက်လာသံသဲ့သဲ့ ကြားလိုက်ရပြီး အိပ်ချင်ယောင်ဆောင်နေတဲ့ ကျွန်တော့်ရဲ့ဘေးမှာ ဝင်ထိုင်တာကို သိလိုက်တယ်။

"ကိုကို...??? အယ်....အိပ်ပျော်နေပြီလား?"

ကျွန်တော်က ဘာတုံ့ပြန်မှုမှ မပေးဘဲ ဆက်လက်ပြီး အိပ်မောကျနေသလိုသာ ဟန်ဆောင်နေခဲ့တယ်။ ရုတ်တရက် ကျွန်တော့်နား အနားကို တစ်စုံတစ်ယောက်ရဲ့ အသက်ရှုသံလေးက ရိုက်ခတ်လာချိန်မှာ နည်းနည်း လန့်ဖြန့်သွားတယ်။

"အဟင်း...အခုတော့ တောင့်တင်းနေတဲ့ အကြောအချင်တွေ ပြေလျော့ပြီး... ကောင်းကောင်းကြီး အိပ်ပျော်သွားပြီပေါ့လေ~~~"

သူမက ကျွန်တော့်နား အနားကပ်ကာ ခပ်တိုးတိုး ရေရွတ်တယ်။ ညီမလေးဆီကနေ အမြဲတမ်း လေသံမာမာနဲ့ အသံကျယ်ကျယ် အော်ဟစ်နေတာမျိုးပဲ ကြားနေကျဆိုတော့ အခုလိုမျိုး တိုးသဲ့သဲ့လေသံလေးနဲ့ ပြောတာကို ကြားရတာ ကျွန်တော့်အတွက်တော့ နားဝင်ဆန်းတယ်။ ပိုဆိုးတာက စကားအဆုံးသတ်မှာ အသံရှည်လေး ဆွဲပြီး ပြောလိုက်ပုံက ကျွန်တော့်နားကြောကို ကလိကလိနဲ့ ယားယံလာစေတယ်။

"ခုနက တစ်ယောက်တည်း ရေချိုးလိုက်ရတာ.. အရမ်းကို ပျင်းစရာကောင်းပြီး အထီးကျန်ဆန်လိုက်တာ... သိလား?"

My Lovely Step-SisterWhere stories live. Discover now