(S2)

2.1K 75 4
                                    

💔 အမုန်းများနှင့်သာ💔

Piece_74

"လှေကားကို မမအိကအရင်ဆင်းပြီး။

"ပထမလှေကားထစ်ကို လီလီခြေချလိုက်မိသည့်အခိုက်"

"ဝုန်း!"

"အမေ့

"နံရံထက်က မီးတိုင်ကမီးလင်းသွားတာမလို လီလီရောအိအိပါလန့်သွားတာဖြစ်သည်။

"မမအိ မီးလင်းတယ်"

"ဟုတ်တယ် မမလေးခြေချလိုက်မှ"

"လီလီနောက်ထက် တစ်ထက်ဆင်းလိုက်တော့ ပထမနည်းတူ နံရံဘေးနှစ်ဖက်စလုံးကမီးတိုင်တွေကလင်းလာတာဖြစ်သည်။

"လီလီလည်းပထမလောက်မလန့်တော့ပဲလှေကားအဆုံးအတိုင်းဆင်းလာခဲ့သည်။

"အောက်ဆုံးကိုခြေထောက်ချလိုက်မိသည့်နှင့်"

"ဖျောက်..ဝုန်း!...ကျွီး"

"မီးတွေထိန်လင်းလားကာ"

"ရှေဟောင်းတံခါးကြီးနှစ်ဖက်ကပွင့်ဟသွားခဲ့တာဖြစ်သည်။

"ဟာ"

"အို့"

"လီလီနဲ့အိအိမြင်လိုက်ရတဲ့အရာတွေကြောင့်"

"ပါးစပ်အဟောင်သားဖြစ်သွားတာဖြစ်သည်။

"မြေအောက်အခန်းလို့ထင်ထားခဲ့သော်လည်း"

"မြေအောက်အခန်းမဟုတ်ပဲ နန်းတော်ကြီးတစ်ခုတည်းကိုရောက်သွားသလားအောက်မေ့ရတာဖြစ်သည်။

"ရွှေရောင်တွေတဖိတ်ဖိတ်တောက်ပနေသလို လီလီတို့ဘဝမှာတစ်ခါမှ မမြင်ဖူးတဲ့အရာတွေမျက်မြင်တွေ့လိုက်ရတာဖြစ်သည်။

"ထိုင်ခုံတွေမှာလည်း ပိုးပဲကတ္တီပါတွေနဲ့သာဖြစ်သည်။လိုက်ကားလိုအရာတွေမှာရော၊တိုင်လုံးကြီးတွေမှာလည်းရွှေရောင်တွေတဖိတ်ဖိတ်တောက်နေတာဖြစ်သည်။

"မမလေး ဒီနေရာအတော်ထူးဆန်းတယ်နော်"
"ဟုတ်တယ် ရင်ထဲတစ်မျိုးကြီးပဲ"

"လီလီ မမအိကိုစကားပြန်ပြောလိုက်သည်။

"မမလေးလား အိတို့လျှောက်ကြည့်ရအောင်"

"ဟုတ်"

"ဒီနေရာက ဘယ်လို့ပုံစံမျိုးလည်းဆိုရင် TVတွေထဲမှာမြင်ရတဲ့ပုံစံနဲ့တူတယ်"

Mafia's wife{ S1} Only with hate{S2} {Complete }Where stories live. Discover now