(S2)

1.1K 57 0
                                    

💞 ရာဇဝင်ထဲကစိန်ခေါ်သံ💞

Part_92

''' နန်းတော်ဂိတ်ပေါက်ဟုယူဆလို့ရသည့်နေရာ၌...။နန်းတွင်းထဲသို့ဝင်ရဖို့ကို တံဆိပ်ပြနေပုံရသည်။

'''မင်းမျက်နှာကို ပဝါအုပ်ထားလိုက် ခလေးကို ငါ့ကိုပေး"

'''ဟုတ်"

'''ခလေးကို တစ်စိမ်း၏လက်ထဲသို့ပေးလိုက်သည်။ပဝါကို ခေါင်းကိုခြုံလိုက်ရသည်။

'''ဂိတ်ပေါက်သို့ရောက်သည်နှင့် ဂိတ်စောင့်တွေကသူ့ကိုလည်းတွေရော"

'''မင်း"

'''ရှုး"

'''လက်နဲ့တိုးတိုးဟု လုပ်ပြလိုက်တော့ ရဲမက်တွေက သူ့ကိုမခေါ်တော့ပေ။

'''လာ သွားမယ်"

'''ဘယ်ကမှန်မသိသည့် မိန်းခလေးတစ်ယောက်၏လက်ကိုဆွဲကာ နန်းတွင်းထဲသို့ ဝင်သွားသည့် မင်းကြီးကိုကြည့်ကာ ဂိတ်စောင့်ရဲမက်တွေထူးဆန်းနေသလို့ခံစားရသည်။

'''မိဖုရားကြီးရှင့် မင်းကြီးပြန်လာပါပြီ။

'''မှန်တင်ခုံ၌ လက်ဝတ်လက်စားတွေဝတ်ဆင်နေပြီ။အလှထိုင်ပြင်နေသည့် သုဓလသည် အစေခံ၏အသံကိုကြားလိုက်သည်ဖြင့် ထလိုက်တာဖြစ်သည်။

'''ဘယ်တုန်းကလဲ ကြာပြီးလား"

'''မကြာသေးပါဘူး အခုလေတင်ပါ။

'''သွားပြီကြိုဆိုရမှာပေါ့"

'''နေပါဦး...မိဖုရားကြီးရှင့်"

'''ချွမ်း...ချွမ်း"

'''အစေခံ၏ စကားမဆုံလုံချေ....သုဓလသည် အိပ်ဆောင်တော်အတွင်းကနေပြေးထွက်သွားခဲ့လေသည်။

'''သို့သော် တစ်နေရာအရောက်တွင် သုဓလ၏ပြေးနေသည့် ခြေလှမ်းတွေ တုံ့ခနဲ့ဖြစ်သွားရသည်။အဘယ့်ကြောင့်ဆိုသော် သူမသိပ်ချစ်ရသည့် မင်းကြီးက ခလေးတစ်ယောက်ကို လက်ပေါ်၌ပွေ့ချီထားပြီ။ခေါင်းဆောင်းပဝါအုပ်ထားသည့် အမျိုးသမီး၏လက်ကို ဆွဲကာ လျှောက်လာနေသည့်အတွက်ကြောင့်ပေ။

'''မင်းကြီး"

'''မိဖုရားကြီးသုဓလ"

'''ဒါတွေက"

Mafia's wife{ S1} Only with hate{S2} {Complete }Where stories live. Discover now