Episode.. 5

673 37 6
                                    

YELLOW LOVES WITH ME HUBSAND

_________________________________________

ရီရီ ဒီနေ့မနက်မှ ဆေးရုံမှ ဆင်းရသည်မို့ ရန်ကုန်အား ပြန်ရန်စီစဉ်နေသည်... လွန်ခဲ့တဲ့ 3ရက်အတွင်း ‌မာမားကို တောင်ကြီးမှာပဲ သဂြိုလ်ပြီး အရိုးပြာအား ယူထားခဲ့သည်... ဖြစ်သွားတာတွေကို လက်ခံရခက်ပေမဲ့ သတိရထဲက သူမငိုခဲ့ပေ...
မာမားက ငိုတာမှမကြိုက်တာ...သူငိုလို့မဖြစ်ပေ....ရီရီလက်ထပ်ရမဲ့ သူနဲ့ မတော်ရသေးတဲ့ ယောက်ခမကတော့ အချိန်အကြာကြီးနှစ်သိမ့်ပေးပြီး မပြန်သေးပဲ တောင်ကြီးမှာ စိတ်အနားယူဦးဟုပြောလာခဲ့သည်....သိူ့ပေမဲ့ သူမနေချင်တော့ပါ...အိမ်ပြန်ချင်သည်...မာမားအငွေ့အသက်တွေ ရှိနေသေးတဲ့ သူတို့အိမ်ကို။

သူငယ်ချင်းတွေကတော့ သတင်းကြားကြားချင်း ရောက်လာပေးကြသည်...အမျိုးမျိုးနှစ်သိမ့်ပီး စကားပြောပေးကြသည်မို့ အရမ်းတော့ အထီးကျန်စရာမကောင်းတော့ပေ....သိူ့ပေမဲ့လည်း ...မာမားကိုလွမ်းတယ်..သတိရတယ်..ဖက်ထားချင်တယ်...ဘယ်လောက်ချစ်ကြောင်းလဲ ပြောပြချင်တယ်။

"ဒေါက် ‌‌....ဒေါက် ..သားငယ် မေဖြူတို့စကားပြောရအောင် ခဏလောက် အောက်ဆင်းခဲ့နော် "

"ဟုပ်ကဲ့ မေဖြူ "

အခန်းတံခါးအားပိတ်ပြီး အောက်ထပ်ဆင်းလာတော့ မေဖြူနှင့် ကိုခေါင်က ဆိုဖာတခုတွင် ထိုင်နေကြပြီး ရီရီ့သူငယ်ချင်းလေးယောက်ကတော့ မျက်နှာချင်းဆိုင် ဆိုဖာ၌ ထိုင်နေကြခြင်းဖြစ်၍ ဘာတွေပြောနေကြလဲ မသိပေ...ရီရီလွတ်တဲ့ နေရာမှာ ၀င်လိုက်တော့ ၀င့်ဝါက စကားစပြောသည်။

"ဟို အန်တီနဲ့အကို့ကိုလဲ ၀င့်ဝါတို့အားနာပါတယ်...အခုဖြစ်သွားတာတွေနဲ့ ပတ်သက်ပီး ...အန်တီတို့ဘက်က လက်ထပ်ပွဲကို ..လုပ်ချင်သေးလား ...မလုပ်ချင်တော့ဘူးလား သိချင်ပါတယ် "

" ၀င့်ဝါ "

ရီရီခေါ်လိုက်တော့ အသာနေဆိုသည့် ပုံစံလုပ်ပြသည်မို့ ဆက်မပြောပဲ ငြိမ်နေလိုက်သည်...ဒီသူငယ်ချင်းတွေ ဘာလုပ်ဖို့ တွေးနေကြလဲ မသိတော့ပေ။

"အန်တီတို့က အစထဲက လက်ထပ်ပေးဖို့ ရွှေရည်နဲ့ပြောထားပီးသားပါ..အန်တီသဘောကျလွန်းလို့ မရရအောင် ပြောပီး အန်တီ့သားနဲ့ လက်ထပ်ဖို့ ကမ်းလှမ်းထားတာမို့ အန်တီတို့ဘက်က သဘောက အရင်တိုင်းပါပဲ "

This Lap Is Only A Refuge  ( Ongoing )Where stories live. Discover now