Episode.. 9

555 20 7
                                    

YELLOW LOVES WITH MY HUBSAND
________________________________________

ဒီနေ့က တောင်ကြီးမှာ နောက်ဆုံးနေရမည့်ရက်မို့ ' ကိုခေါင် ' က အလုပ်တွေလက်စသတ်ရန်နှင့် ပန်းခြံအတွက်  သူမရှိစဉ်ဂရုစိုက်ရန်ဆိုပြီး အလုပ်သမားများထံသို့ မနက်အစောကြီးထ၍ သွားလေပြီ။ ရီရီနိုးလာတော့ အနားမှာ မျက်မှောင်ကျုံ့ပြီး သူ့အား ဝိုင်းကြည့်နေတဲ့ သူငယ်ချင်းများကိုသာ တွေ့ရသည်။

" ထတော့ ကိုယ်တော်ချော မင်းလင်ကြီးက
နှိုးလိုက်တော့တဲ့ "

" လင်ကတယောက်ပဲရှိတာလေ ဘာကိုလင်ကြီးလဲ ဟမ့် "

ရှိုင်းကလူကိုဆွဲထူရင်း ပြောလာတော့ ရီရီကလည်း မခံပေ ပြန်ပြောလိုက်သည်။ ၀င့်ဝါတို့ကတော့ ပိုကိုပိုသည်ဆိုတဲ့အကြည့်နဲ့ ကြည့်လာ၏။ပိုတယ်ပြောလည်း ခံရမှာပဲ ဒီတယောက်လေးရှိတာကို။

"မင်္ဂလာဦးညက အောက်ဆင်းမလာရတဲ့အကြောင်းလေးနဲ့ နင်မနေ့က ဖုန်းမကိုင်ရတဲ့အကြောင်းလေး  ရှင်းပါဦး "

ရီရီတို့က မေဖြူလက်ဖွဲ့သည့် အိမ်၌ ခွဲနေသည်ဖြစ်တာကြောင့် ဒီအဖွဲ့နဲ့ မတွေ့ရခြင်းပေ။ သူတို့က မေဖြူ့အိမ်မှာသွားနေကြခြင်းဖြစ်ပြီး အိမ်နှစ်အိမ်မှာ  တလမ်းပဲခြားသည် ။ဒါကိုအိမ်ထိမလာပဲ ရှင်းပါဦး ဘာညာဖြစ်နေသည့်သူငယ်ချင်းများကို မျက်နှာမသာမယာနဲ့ကြည့်ပြီး

" ဘာကို မင်္ဂလာဦးညလည်း ဘာမှ မဦးလိုက်ရဘူး မနက်အ၀တ်အစားတွေလဲချိန်က အစောကြီးထပြီး ကိုသော်သော်ထွဋ်ခေါင်ကြီးနဲ့ရန်သတ်နေရတာ ပင်ပန်းပြီး ညနေကြဖျားသွားတာ   အကိုတို့ အမတို့ကနောက်မှရောက်လာတော့ ငါ့ဒုက္ခတွေဘယ်သိပါ့မလဲ "

" မဖြစ်နိုင်တာဟယ် "

" လုံး၀မဖြစ်နိုင်တာ နင်တို့အစောကြီး အိပ်ခန်းထဲ၀င်သွားတာကို ဘာမှမလုပ်ဘူးဆိုတာက မဖြစ်နိုင်ပါဘူးဟယ် "

" အေးလေ ယုံချင်စရာမကောင်းလိုက်တာ "

" အဲ့တာကြီးက မဖြစ်နိုင်လိုက်တာ ဟိုကဘာမှမလုပ်ဘူးဆိုတာက မဟုတ်သေးဘူးနော် "

' ရီရီ ' ပြောလိုက်တော့ တဖွဲ့လုံးက မယုံဟန်နှင့် ကြည့်လာပြီး ပြောကြသည်။ တကယ်ပါပဲ ဘာမှ မလုပ်လိုက်ရပါဘူးဆိုတာကို ဘာနဲ့သက်သေပြလိုက်ရမလဲ စဉ်းစားစမ်း။ထို့နောက် သတိရသွားပြီး

This Lap Is Only A Refuge  ( Ongoing )Where stories live. Discover now