အပိုင်း - ၁

15.9K 29 1
                                    

ယင်းမာမာသင်း ( ခေါ် ) သက်တန့်

နံမည်ရခါစ မော်ဒယ်လေး

သက်တန့် ဆိုတဲ့ နံမည်နဲ့ မြန်မာမော်ဒယ်လောကမှာ ယင်းမာမာသင်း နံမည်ရလာတာနဲ့ အနောက်က လိုက်ဖန်တဲ့ ဘဲတွေ တပုံကြီး ပေါ်လာသည် ။ ယင်းမာမာသင်း မော်ဒယ် မဖြစ်ခင်က အထကမှာ အတူတူ တက်ခဲ့တဲ့ ကောင်လေး တယောက်နဲ့ ကြိုက်သလိုလို ဖြစ်ခဲ့ဘူးသည် ။အီစီကလီ အဆင့်ဘဲ ဖြစ်သည် ။ ရည်းစားလည်း မဟုတ် ။

မော်ဒယ် ဖြစ်ချင်လို့ ကြိုးစား ကြံစည်နေတဲ့ အချိန် ရပ်ကွက်ထဲမှာ လူသိများနေတဲ့ သဘော်သားကြီး တယောက်နဲ့ တွေ့ကြသည် ။ဒီ သဘော်သားကြီးက ယင်းမာမာသင်းထက် အသက် အများကြီး ကြီးသည် ။ ဦးလေးအရွယ် ဘကြီး အရွယ်ကြီး ။   ဘဲကြီးက ငွေပေါသည် ။

ယင်းမာမာသင်းသည် စပွန်စာ လိုနေတဲ့ အချိန် ။ မိဘအသိုင်းအဝိုင်းက ယင်းမာမာသင်း မော်ဒယ် တယောက် ဖြစ်လာဖို့ မပံ့ပိုးနိုင်တော့ ပံ့ပိုးမယ့်တစုံတယောက်ကို ယင်းမာမာသင်း ငံ့လင့်နေတဲ့ကာလမှာ ဒီပရာဒိုကားစီးတဲ့ ဦးတလုပ်ကြီးက ဇလည်းရှိတယ်...ဓနလည်း ရှိတယ်လေ ။ ယင်းမာမာသင်းကို ဦးတလုပ်ကြီးကစောင်မကြည့်ရှုတော့တာဘဲ ။ စောင်ကို မပြီး ကြည့်ရှုတာ ။တဦးလိုတာနဲ့ တဦးရှိနေတာကို လဲလှယ်တဲ့ ဘာတာစစ်စတန် လို့ ခေါ်တဲ့ အလဲအလှယ် သဘောတရားက ဟိုးရှေးဦး ကမ္ဘာ အချိန်ထဲက ရှိခဲ့တာ မဟုတ်လား ။

ယင်းမာမာသင်း လိုတာကို ဦးတလုပ်ကြီးက ကူညီ... ဦးတလုပ်ကြီး လို တာလေးတွေကိုလည်း ယင်းမာမာသင်း က ဖြည့်ဆည်းပေး..ကဲ ဘယ်လောက် အဆင်ပြေလိုက်သလဲ ။ လူပျိုကြီးလည်းဖြစ် သဘော်သားကြီးလည်း ဖြစ်တဲ့ ဦးတလုပ်ကြီးက ပိန်ပိန်သွယ်သွယ် ဖြူဖြူဖွေးဖွေးလေးကို မက်မောမိတော့ ရှိတာတွေ ပုံအောသည် ။ ယင်းမာမာသင်းကလည်း သူ့ကို ကျေးဇူးဆပ်သည် ။ ရပ်ကွက်ထဲကတော့ အမျိုးမျိုး ပြောကြတာပေါ့။ မုန့်ပေါင်းကျွေးလိုက်သည်..အမေပေးခဲ့တဲ့ လယ်တကွက်နဲ့ လုပ်စားသွားသည်..စသဖြင့်ပေါ့ ။

ယင်းမာမာသင်းလည်း ဦးတလုပ်ကြီးရဲ့ စပွန်ဆာနဲ့ မော်ဒယ်တယောက် ဖြစ်လာသည် ။ ဦးတလုပ်ကြီးလည်း ဘယ်သူမှ မစားသေးတဲ့ အစားအစာတွေကို ဦးဦးဖျားဖျား စားလိုက်ရသည် ။ နှစ်ဦးနှစ်ဖက် ရောင်းသူဝယ်သူ အသံတူပြီး အိုကေမှာ စိုပြေသည် ။ ဘာလိုသေးလဲ ။

မြန်ဆန် မှန်ကန် ဆရာထန်Where stories live. Discover now