အပိုင်း - ၂

3.6K 9 0
                                    

ထုံးစံအတိုင်း ဦးတလုပ်ကြီးသည် သက်တန့်ကို တွေ့နေကျ ၁၈လမ်းထိပ်က ခြောက်ထပ်တိုက် အပေါ်ဆုံးထပ် အခန်းလေးကို ခေါ်သွားလိုက်သည် ။ ဒီအခန်းက ဦးတလုပ်ကြီးရဲ့ ငယ်သူငယ်ချင်း ဦးချိုကြီးနေတဲ့ တိုက်ခန်းပါ ။ လူပျိုကြီး ဦးချိုကြီးသည် သူကိုယ်တိုင်က မိန်းမလိုက်စားသူကြီး ဖြစ်သလို သူ့ငယ်သူငယ်ချင်း ဦးတလုပ်ကြီးကို အခန်းငှားလေ့ရှိသည် ။
ဦးတလုပ်ကြီးက နိုင်ငံခြားက ပြန်လာတဲ့အခါ ဦးချိုကြီးအတွက် အကောင်းစား အရက်တွေ အဝတ်အထည်တွေ ယူလာပေးတတ်သည် ။

အခုလည်း သက်တန့်နဲ့ ဦးတလုပ်ကြီးတို့ ရောက်သွားတဲ့အချိန်မှာ ဦးချိူကြီး မရှိနေဘူး ။ ဦးတလုပ်ကြီးကို သော့ပေးပြီး ရှောင်ပေးသွားတာ ဖြစ်မည် ။
လူပျိုကြီးသည် အသန့်ကြိုက်သည် ။ သူ့တိုက်ခန်းသည် အမိုက်စား အမြဲ ဖြစ်နေသည် ။

ဦးတလုပ်ကြီးက ကြိုတင် ပြင်ဆင်ထားမှန်း သိသာသည် ။ စားသောက်ဆိုင်တခုက စားစရာတွေ က စားပွဲပေါ်မှာ အဆင်သင့် ရှိနေသည် ။

သက်တန့်က “ ဦး..သက်တန့် သိပ် အကြာကြီး မနေနိုင်ဘူးနော်..လုပ်စရာတွေ ရှိသေးတယ်..” လို့ ကြိုတင် ပြောထးလိုက်သည် ။ ဦးတလုပ်ကြီးက ရယ်သည် ။
“ သက်တန့်ရယ်....ဖြည်းဖြည်းပေါ့..ဦးက ပင်လယ်ထဲမှာ ပင်ပန်းဆင်းရဲခံပြီး ငွေရှာနေခဲ့ရတာ..အခု သက်တန့်လေးနဲ့ ပြန်တွေ့တဲ့ အချိန်မှာ အေးအေးဆေးဆေး ပျော်ကြရအောင်ပါကွာ..သက်တန့်ကို ပေးစရာတွေ တပုံကြီး ပါလာတယ်....တခုပြီး တခု ပြပါရစေအုံး......” လို့ ပြောသည် ။ တကယ်လည်း ဦးတလုပ်ကြီးသည် သက်တန့် အတွက် အဖိုးတန် အဝတ်အစားတွေ လက်ကိုင်အိတ်တွေ ရေမွှေးတွေ စုံနေအောင် ဝယ်လာပေးသည် ။ ကျေးဇူးရှင်ကြီးကို သက်တန့်က တခုခုနဲ့ ကျေးဇူး ဆပ်ရမှာ သေချာနေသည် ။
အင်း..သန်းကောင်ထက် ညဉ့်မနက်တော့ပါဘူးလေ..သက်တန့်လည်း ဦးတလုပ်ကြီး လိုချင်တာတွေကို နောက်ဆုံး အနေနဲ့ ပေးအပ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါသည် ။

“ သက်တန့်....ဦးတို့ ရေ အတူတူ ချိုးကြရအောင်......မှတ်မိလား.....ဦးနဲ့ သက်တန့်.....မော်လမြိုင်ကို သွားလည်တုံးက သက်တန့်နဲ့ဦး ရေအတူတူ ချိုးခဲ့ကြတာ...”

မြန်ဆန် မှန်ကန် ဆရာထန်Where stories live. Discover now