(Unicoad)Leo & Wang ( YiZhan )
( First )
" ရိပေါ် ဖြစ်ပါ့မလား
ငါ မင်းအိမ်မလိုက်ရဲဘူး
မင်း ငါ့အိမ်လိုက်ခဲ့ "" ဘာလဲ Seanရာ
ငါတို့ကတစ်ညလုံးအလိမ္မာလေးတွေလို
စာလုပ်မှာမဟုတ်ဘူးနော်
ဂိမ်းခိုးဆော့မှာ
မင်းအိမ်မှာဆို
မင်းဘိုးတော်နဲ့ဘွားတော်ပွားတာကခံရအုံးမယ်
ငါ့အိမ်မှာက Daddyတစ်ယောက်တည်း
ပြီးတော့ ဒီည Daddyက Partyသွားမှာ
တစ်ညလုံးပြန်လာမှာမဟုတ်ဘူး
အေးဆေး! "" အေးကွာ ပြီးရော "
Seanက ဆုံးဖြတ်ထားတဲ့ပုံစံနဲ့
ခေါင်းကိုမော့လို့အသက်ဝဝရှူကာ
ရိပေါ်ရဲ့ဆိုင်ကယ်ပေါ်သို့
တက်ခွလိုက်သည်။" ပြုတ်ကျမယ်
ငါ့ခါးကိုဖက်ထား! "" အင်း....ရပြီ "
ဒီလိုနဲ့
ဝမ်ရိပေါ်နဲ့Seanအမည်ရှိ
ကျောင်းသားနှစ်ယောက်က
မနက်ဖြန်ဖြေမယ့်စာမေးပွဲကို
လျစ်လျူရှုကာ
တစ်ညလုံးဂိမ်းဆော့ရန်အတွက်
ဝမ်အိမ်တော်သို့ချီတက်လာကြလေသည်။
ဒီအဆိုးအပေကျောင်းသားနှစ်ယောက်နဲ့
အရေးကြီးတဲ့ Finalစာမေးပွဲ
ဘယ်လိုနှစ်ပါးသွားကြမလဲ
ရင်မောမိပါရဲ့။///////////////////////////
" Wow!! ရိပေါ်
မင်းအိမ်ကြီးကလုံးဝမိုက်တယ် "ကြီးမားကျယ်ဝန်းတဲ့
ဝမ်အိမ်တော်ကြီးကို
မျက်လုံးကြည်တောက်တောက်လေးတွေနဲ့
Seanကလိုက်ငေးရင်း
အားကျသလိုပြောသည်။" တော်တော့ Sean
သူများတွေကြားရင်
ဒီလိုပိုင်ဆိုင်မှုမျိုး
မင်းမှာမရှိဘူးလို့ထင်သွားလိမ့်မယ် "ရိပေါ်ကပြောရင်း
Seanရဲ့ခေါင်းလုံးလုံးလေးကဆံပင်တွေကို
ဆွဲဖွကာ
ပတ္တမြားရောင်တောက်နေတဲ့
ဆိုဖာပေါ်မှာဝင်ထိုင်လိုက်သည်။ခဏအကြာ
ပါးစပ်အဟောင်းသားနဲ့
ဝမ်အိမ်တော်ကိုလိုက်ကြည့်နေတဲ့
Seanကမောသွားပြီထင်
ရိပေါ်ရဲ့ဘေးနားကို
ထွေးခနဲဝင်ထိုင်လာသည်။
YOU ARE READING
Leo & Wang (Short Story) (Completed)
FanfictionLeo Wangနဲ့ Wang YiBoသားအဖနှစ်ယောက်ရဲ့ အချစ်ကြမ်းကြမ်းတွေကို ပေးမြင်သွားမှာဖြစ်ပါတယ်ခင်ဗျ🤭 Short Storyပါ အလွန်ဆုံး 4/5ပိုင်းလောက်ပဲရှိမယ်ထင်ပါတယ် ကြိုက်မယ်လို့မျှော်လင့်ရင်း......! #YiZhanFanFic #Myharr