Leo & Wang (YiZhan)
Final
" သခင်လေး
ခြံရှေ့မှာဧည့်သည်တဲ့
ဦးလေးဖွင့်ပေးလိုက်ရမလား "" စောစောစီးစီးဗျာ
ဘယ်ကဧည့်သည်တဲ့လဲ
ဒီမှာ Seanပျောက်လို့
ခေါင်းမီးတောက်နေရတဲ့ကြားထဲ
ဘယ်ဧည့်သည်မှလက်ခံမတွေ့ဘူးလို့ပြောလိုက် "" ဟုတ်ကဲ့ပါ သခင်လေး
အဲဒါဆို ဦးလေးအဲအတိုင်းပဲပြောလိုက်ပါ့မယ် "" နေဦး
Daddyဧည့်သည်ဆိုဘယ်လိုလုပ်မလဲ
ဦးလေး
ဧည့်သည်ကဘယ်လိုပုံစံမျိုးလဲ
လူကြီးလူကောင်းပုံလား "" လူရည်လူမွန်လေးပါပဲ
ဖြူဖြူသန့်သန့်လေး
မျက်မှန်အကြည်လေးလည်းတပ်ထားသေးတယ်
နာမည်က.....ဘာ
ရှောင် အော် သိပြီ...ရှောင်းကျန့်တဲ့ "" ဟာဗျာ
အဲဒါ ကျွန်တော့်အသက်ဗျ
ဦးလေးကအစောကတည်းကမပြောဘူး "ပြောရင်းရေးကြီးသုတ်ပြာပြေးထွက်သွားတဲ့
သခင်လေးဝမ်ကိုကြည့်ကာ
ခြံစောင့်ဦးလေးကြီးက
ခေါင်းကုတ်ရင်းကျန်ရစ်ခဲ့သည်။" မောင့်အသည်း အစောကြီးဗျာ!
မောင့်ကိုလွမ်းလို့လာတွေ့တာလား? "" ဝမ်ရိပေါ် အပိုတွေပြောမနေနဲ့
ထုထုဘယ်မှာလဲ
ငါ့ကိုပြန်ပေး! "" ဟောဗျာ....မသိရင်ပဲ
Seanကိုမောင်ကခိုးပြေးလို့
မောင့်အသည်းကလာပြန်တောင်းတဲ့အတိုင်းပဲ
စိတ်ချပါဗျာ
မောင်က မောင့်အသည်းကလွဲလို့
Seanကိုမောင့်တူလေးလိုသဘောထားတာပါဗျာ "" တောက်ခ်! မျက်နှာရူးကောင်
ထုထုကိုအခုပြန်ပေး "" အဲဒါမှခက်တာပဲမောင့်အသည်းရယ်!
မောင်လေ Seanကို
သေချာပေါက်မောင့်အခန်းထဲမှာ
သေသေချာချာသိပ်ခဲ့တာကို
အခုမရှိတော့လို့
မောင်လိုက်ရှာနေတာဗျ "ရိပေါ်က
ရိုးသားတဲ့ဖိုးသခွားလေးလို
Seanပျောက်နေတဲ့အကြောင်း
အမှန်အတိုင်းဝန်ခံသည်။" ဘာ!!! ဝမ်ရိပေါ်
ငါ မင်းကိုတရားဆွဲမယ်
မကောင်းတဲ့ကောင်ရဲ့! "" အဲလိုစိတ်လိုက်မာန်ပါမဆုံးဖြတ်ပါနဲ့
မောင့်အသည်းရယ်
မတော်လို့
မောင်ထောင်ကျသွားရင်
မောင့်အသည်းက
ထောင်ထွက်ကောင်ရဲ့မယားလို့
အပြောခံရလိမ့်မယ်ဗျ "
YOU ARE READING
Leo & Wang (Short Story) (Completed)
FanficLeo Wangနဲ့ Wang YiBoသားအဖနှစ်ယောက်ရဲ့ အချစ်ကြမ်းကြမ်းတွေကို ပေးမြင်သွားမှာဖြစ်ပါတယ်ခင်ဗျ🤭 Short Storyပါ အလွန်ဆုံး 4/5ပိုင်းလောက်ပဲရှိမယ်ထင်ပါတယ် ကြိုက်မယ်လို့မျှော်လင့်ရင်း......! #YiZhanFanFic #Myharr