Second

1.1K 74 3
                                    

Leo & Wang ( Short Story)

[Second]

" မမ ထုထုရော
မပြန်သေးဘူးလား နောက်ကျနေပြီ "

" မင်းအဆိုးလေးက
ဒီည သူ့သူငယ်ချင်းကောင်လေးအိမ်မှာ
စာအတူလုပ်မလို့တဲ့
ပြန်လာမှာမဟုတ်ဘူး
ဖင်တကြွကြွလုပ်မနေနဲ့ အားကျန့်ရေ "

" ထုထုသူငယ်ချင်းဆိုတာ
ဟိုအဆိုးအပေကောင်ဝမ်ရိပေါ်ကိုပြောတာမလား
အဲကောင်နဲ့ဆိုရင်တော့
သေချာပေါက်စာလုပ်မှာမဟုတ်ဘူး
ကျွန်တော်သွားခေါ်မယ် မမ "

" အဲအဲ နေပါအုံး အားကျန့်ရယ်
ဝမ်လေးကိုက အားကျန့်သိိလို့လား "

" ဘာလို့မသိရမှာလဲ မမရဲ့
ဝမ်ရိပေါ်ဆိုတာ
Leo Wangနဲ့Aliceတို့ရဲ့အလိုလိုက်ခံသားလေ
တကယ်ပြောတာ
သားအဖနှစ်ယောက်လုံးကိုကြည့်လို့ကိုမရဘူး "

" နေပါအုံး Aliceဆိုတာ
အားကျန့် Americaမှာကျောင်းတက်တုန်းက
ခင်တဲ့သူငယ်ချင်းမလေးမဟုတ်လား
သူက Mr.Wangနဲ့ဘယ်လို "

" ပြောရမှာတော့ရှည်တယ် မမရေ
ကျွန်တော်တို့Americaမှာကျောင်းအတူတက်ခဲ့တုန်းက
Leoက ကျွန်တော်တို့ကျောင်းရဲ့စီနီယာလေ
ပြီးတော့ Aliceနဲ့Leoတို့တွဲဖြစ်ခဲ့ကြတယ်
အဲဒီမှာပဲ နှစ်ဦးသဘောတူလက်ထပ်ပြီးတော့
ဝမ်ရိပေါ်ကိုမွေးပြီး,ပြီးချင်းပဲ
သဘောထားချင်းမတိုက်ဆိုင်လို့ကွာရှင်းလိုက်ကြတာ
ဝမ်ရိပေါ်က သူ့အဖေဘက်ပါလာတယ်ဆိုပါတော့
အခုတော့ Aliceလည်းသူ့ဘဝနဲ့သူအေးဆေးရှိနေပါပြီ "

" အော်...ရေစက်တွေကလည်းဆန်းကြယ်လိုက်တာ
လူကြီးတွေတင်ခင်ခဲ့တာမဟုတ်ဘဲ
ကလေးတွေထိသူငယ်ချင်းတွေဖြစ်နေကြတာ
လောကကြီးကိုကျဥ်းကျဥ်းလေးကို "

" အင်း မမကိုပြောနေရတာနဲ့နောက်ကျနေပြီ
ကျွန်တော် ထုထုကိုသွားခေါ်အုံးမယ် "

" အားကျန့်ရယ်
ကလေးတွေတစ်ခါတစ်လေ
လွတ်လွတ်လပ်လပ်နေပါစေ
မင်းမလဲ
ညကြီးမိုးချုပ် သူများအိမ်ကို "

" မမကဘာသိလို့လဲ
ထုထုကမနက်ဖြန်ပဲစာမေးပွဲဖြေရတော့မှာကို
ဟိုအရိုင်းအစိုင်းကောင်ကဘယ်လိုနေနေ
ကျွန်တော့်တူကိုတော့စာမေးပွဲအကျမခံနိုင်ဘူး "

Leo & Wang (Short Story) (Completed)Where stories live. Discover now