Part 1

374 45 3
                                    

J_Bar ရဲ့သီးသန့်အခန်းထဲမှာထိုင်ရင်း Jeon WonWoo မျက်စိရှေ့ကဖန်သားပြင်ပေါ်မှာပေါ်နေတဲ့ရုပ်ပုံကိုမမှိတ်မသုန်ကြည့်နေမိသည် ရှေ့ကဆေးလိပ်ခွက်ထဲမှာလည်းသူထိုးချေထားတဲ့သောက်ပီးသားစီးကရက်တွေကမနည်းမနော ဝီစကီသောက်ဖို့စိတ်ကူးမိသော်လည်းရှေ့ကပုံရိပ်ကိုအာရုံပိုစိုက်ချင်သောကြောင့်သောက်ဖို့မစဉ်းစားတော့ သူတကယ်တော့အလုပ်တွေရှိသေးသည် Bar ကိုကိစ္စတစ်ခုကြောင့်လာရင်း ထိုလူသားလေးကဒီနေရာမှာရောက်နေတယ်ဆိုတော့ဒီတိုင်းထားပီးထွက်မသွားနိုင်ခဲ့

"ဘော့စ်"

"အင်း Doon"

"Vernon ရောက်လာပါပီဘော့စ်"

Doon ပြောသံနဲ့အတူအနောက်ကနေ Vernon ပါလိုက်ဝင်လာသည် Vernon နဲ့ WonWoo ကညီအစ်ကိုဝမ်းကွဲတော်ပီးအလုပ်တွေအားလုံးလည်းတူတူလုပ်နေကြတဲ့သူတွေဖြစ်သည်

"Hyung ခေါ်တယ်ဆိုလို့"

"ဒီညဆိပ်ကမ်းမှာပင်လယ်စာတွေရောက်မှာသိတယ်မလား"

"အင်း"

"Hyung မလိုက်လို့ဖြစ်လား"

"အင်းဖြစ်တယ်လေ Hyung အေးဆေးပါ"

Vernon ရှေ့ကမြင်နေရတဲ့ပုံရိပ်ကိုကြည့်ပီးသဘောပေါက်သလိုခေါင်းညိတ်ပြသည်

"အဲ့ဒါဆိုမလိုက်တော့ဘူး Mingyu ကိုခေါ်သွားလိုက်"

တကယ်တော့ဒီညအလုပ်ကအရေးကြီးသည် WonWoo တို့ J_group ရဲ့အဓိကစီးပွားရေးလုပ်ငန်းက Hotel တွေ restaurant တွေနဲ့အတူအပျော်စီးသင်္ဘောတွေပါစီစဉ်ထားသည် ဒီလုပ်ငန်းတွေကို WonWoo ကိုယ်တိုင်ဦးစီးပြီး Bar နဲ့ Club တွေကိုတော့ညီနှစ်ယောက်ဖြစ်တဲ့ Vernon နဲ့ Mingyu ကဦးစီးသည် နောက်ကွယ်ကအဓိကစီးပွားရေးသော့ချက်ကဝောာ့ဘယ်သူမှမသိကြပေ

"အိမ်အတွက်က နှစ်ဗုံးယူလာရမှာနော်"

"ဟုတ်တယ် Vernon မလွဲချော်စေနဲ့ Hyung ကိုယ်တိုင်လိုက်ရင်လည်းစစ်ဆေးရေးတွေနဲ့တိုးရင်မလိုအပ်ဘဲအများ‌ကြီးဖြေနေရမှာစိုးလို့"

"Mingyu နဲ့သွားလိုက်မယ် Hyung စိတ်ချလက်ချနဲ့ Hyung ရဲ့ကိစ္စလေးကိုသာအာရုံစိုက်လိုက်ပါနော်"

White Agony Where stories live. Discover now