Part 2

305 33 13
                                    

WonWoo ဆီကထွက်လာပီးအိမ်လည်းမပြန်ချင်သေးလို့ Hoshi တို့ဆိုင်ကိုထွက်လာလိုက်သည် Hoshi နဲ့ Myungho ကသူငယ်ချင်းကနေချစ်သူတွေဖြစ်ခဲ့ကြပီးအခုတော့နှစ်ယောက်အတူတူ တရုတ်အစားအသောက်သီးသန့်ဆိုင်လေးဖွင့်ထားလေသည် မနက်ပိုင်းဖြစ်လို့သူတို့ဆိုင်မှာလည်းလူမရှုပ်သေး Jeonghan အတွက်ကတော့ WonWoo အိမ်ပြီးရင်ဒီနေရာလေးကလည်းသူ့စိတ်ကိုသက်တောင့်သက်သာဖြစ်စေတဲ့နေရာလေး

"ဟော Jeonghan ညကဘယ်လိုလဲအိမ်ပြန်နိုင်ရဲ့လား"

"မပြန်ဘူး"

"WonWoo ဆီမှာပဲလိုက်အိပ်တာပေါ့"

"အင်း"

"WonWoo ကမင်းဒဏ်ကိုတော်တော်ခံနိုင်တယ်နော် မင်းတို့ရိုးရောရိုးရဲ့လား"

စွပ်ပြုတ်ပန်းကန်သူ့ရှေ့မှာချပေးရင်း Myungho ကဝင်ပြောသည်

"မရိုးရအောင်ဘာကိစ္စ သူနဲ့ငါတွေ့တိုင်းစကားတောင်ဆယ်ခွန်းပြည့်အောင်မပြောဖူးသေးဘူး"

"အေး အဲ့ဒါကြောင့်ပြောတာလေငါတို့လောက်ရင်းနှီးတဲ့သူမလို့မင်းကိုသည်းခံပေးတာဆိုတစ်မျိုးလေ အခုကမင်းတို့အဲ့လောက်မရင်းနှီးဘဲသူဘာလို့မင်းကိုအဲ့လောက်သည်းခံပေးနေတာလဲ"

"သူစိတ်ဝင်စားရင်လည်းဝင်စားမှာပေါ့ ငါ့သူငယ်ချင်းကဒီလောက်လှလှလေးဟာကို"

Hoshi က Jeonghan ဆံပင်တွေသပ်ပေးရင်းပြုံးစိစိနဲ့ပြောလေသည်

"ဟေ့ကောင် ဘာကိစ္စစိတ်ဝင်စားရမှာလဲပေါက်ကရတွေမပြောနဲ့နော်မင်း ငါဆွဲထိုးမှာ"

"Myungho တွေ့လားဆွဲထိုးမှာတဲ့"

သူ့ဘေးကနေချက်ချင်း Myungho ဘေးနားသွားထိုင်ပီးအမြင်ကပ်စရာကောင်းအောင်လုပ်ပြနေတဲ့ Kwon Hoshi ရယ်ပါ

"ထိုးရင်ခံလိုက်လေ Yoon Jeonghan လက်ဆသိရဲ့သားနဲ့မင်းသူမကြိုက်တာကိုသွားသွားစနေတာကို"

"ဟွန့် မင်းအခုဘာလဲအိမ်ပြန်မှာလား"

"မပြန်ဘူးခေါင်းကိုက်လို့ခဏနားအုံးမယ်"

"အရင်ဆို WonWoo ဆီမှာနှစ်ညလောက်အိပ်ပီးမှပြန်လာနေကျလူကဒီနေ့မှဘယ်လိုဖြစ်တာလဲ"

White Agony Where stories live. Discover now