Part 4

217 23 3
                                    

အိပ်ယာနိုးနိုးချင်းတစ်ကိုယ်လုံးတင်းကျပ်နေတဲ့ခံစားချက်ကြောင့်ကြည့်လိုက်တော့ WonWoo လက်မောင်းကြားထဲမှာဖြစ်နေလေရဲ့ ဂုတ်ထောက်နေတဲ့သူ့ဆံပင်တွေကြားထဲမှာမျက်နှာအပ်ရင်းနောက်ကျောကနေတစ်ကိုယ်လုံးကိုသိမ်းကြုံးဖက်ထားလေသည် သူ့ရဲ့အသက်ရှူသံနွေးနွေးက Jeonghan ရဲ့နားအောက်ဘက်နားမှာမထိခလုတ်ကျီစယ်နေသလိုပင် မနက်ခင်းစောစောချစ်ရသူရဲ့ရင်ခွင်ထဲမှာနိုးထလာရတဲ့ခံစားချက်လေးကရင်ခုန်မှုအတိ ချစ်သူတွေဖြစ်သွားပီလို့တွေးမိရင်းကြည်နူးနေတဲ့ကြားကနေ ညတုန်းကအဖြစ်အပျက်ကိုရုတ်တရက်သတိရသွားတော့ Jeonghan ရှက်ရှက်နဲ့တစ်ကိုယ်လုံးပူတက်လာသည် WonWoo နဲ့ဒီလိုအခြေနေကြီးကိုမျက်နှာချင်းမဆိုင်ချင်သေး သူနိုးမလာခင်ကိုယ့်အခန်းထဲကိုယ်အရင်ဆုံးသွားပြန်နေတာအကောင်းဆုံးပဲ Jeonghan အကြာကြီးမစဉ်းစားဘဲချက်ချင်းထဖို့ပြင်ရသည် ဖက်ထားတဲ့လက်ကိုအသာလေးဖယ်ရင်းထဖို့ပြင်တော့ပိုပိုပြီးတင်းတင်းကျပ်ကျပ်ဖက်လာသည်

"ခဏလေးငြိမ်ငြိမ်နေဦးကွာ"

"ဘယ်တုန်းတည်းကနိုးနေတာလဲ နိုးတာကိုမထဘဲနဲ့‌ဖယ်"

"အင်းးးးမထချင်သေးဘူးဒီတိုင်းလေးနေချင်သေးတာ"

ပြောနေရင်း Jeonghan ကိုယ်လုံးလေးကိုပိုတိုးဖက်ပြီးသူ့ဘက်ကိုမျက်နှာလေးလှည့်စေသည်

"ဟာ ဘာလဲ Jeon WonWoo ဖယ် မင်းမထရင်လည်းနေငါထတော့မှာ"

"ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ဘူးလေ နိုးနေတာကိုထရမှာပေါ့"

"မလွှတ်ပေးဘူး"

"မလွှတ်ပေးရင်ကိုက်မှာနော်"

တကယ်က Jeonghan သူကိုဖယ်ခိုင်းနေပေမဲ့လို့ ကိုယ်တိုင်တောင်မသိပဲသူ့ရင်ခွင်ထဲပိုတိုးနေမိတာလေ

"ကိုက်ပေါ့ ကိုယ့်အချစ်ဆုံးလေးကိုက်တာပဲဟာ"

"အာ ဘာလဲအဲ့လိုကြီးတွေမခေါ်နဲ့"

"ဘလို့လဲ ရှက်လို့လား"

"မသိဘူး"

"ဒီကကောင်ကချစ်သူဖြစ်ဖို့ဘယ်လောက်တောင်စိတ်ကူးတွေယဉ်ခဲ့ရလည်းမင်းမသိပါဘူး"

You've reached the end of published parts.

⏰ Last updated: Oct 08 ⏰

Add this story to your Library to get notified about new parts!

White Agony Where stories live. Discover now