ကျန်းဝမ် ဟယ့်ရင်းထုန် ပေးတဲ့ လိပ်စာအတိုင်း သွားလိုက်တယ်။
ဖုန်းလည်းမကိုင် တံခါးဝမယ် ဘယ်သူမှ ဖြေမယ့်သူလည်းမရှိ။
တံခါးဖွင့်မလာခင်အထိ တံခါးဝမယ် နာရီဝက်လောက်
ထိုင်စောင့်လိုက်ရတယ်။ အရပ်မြင့်မြင့်နဲ့ယောက်ျားတစ်ယောက် အထဲမှာ မက်တပ်ရပ်နေတယ်။ အဖြူရောင် တီရှပ်နဲ့ ကာကီရောင် ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး သန်မာပြီး အမွှေးထူထပ်တဲ့ ခြေသလုံးတွေကို မြင်နေရတယ်။အသားခပ်လက်လက် ကွေးညွက်နေတဲ့မျတ်လုံး နတ်မှောင်နေတဲ့မျတ်လုံးတွေနဲ့ ထိုလူက မျတ်နှာပေါ်မှာဘာအမူအရာမှမရှိချေ။ ထင်ရှားနေတဲ့ မျတ်အိပ်လေးတွေက ထိုလူရဲ့မျတ်လုံးကို ပိုဆွဲဆောင်မှု့ ရှိသွားစေတယ်။
''အိပ်အကူအဒေါ်ကြီး?''
ထိုလူက သူမကို အကဲဖြက်နေတယ်။ သူရဲ့အသံက သူ့ပုံစံနဲ့ နည်းနည်းမှ မလိုက်ဖက်ချေ။ သူ့အသံက အနိမ့်သံမျိုးလေး။
အသံကနိမ့်ပြီး ခပ်အက်အက်ကလေး။ သူ့အသံက အတော်လေးနားထောင်လို့ကောင်းတယ်။''ဟုက်ကဲ့.. ဟယ့်ရင်းထုန်က မိတ်ဆက်ပေးလိုက်တာပါ''
ကျန်းဝမ်ကပြန်ပြောလိုက်တယ်။ ''ဟယ်လို ၊ တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်မ နာမည်က... ''
''အထဲမှာ အခန်းတစ်ခန်းရှိတယ်'' ထိုလူက သူမကို ဖြက်ပြောလိုက်တယ်။ ''ကိုယ့်ဟာကိုယ် သန့်ရှင်းရေးလုပ်ပြီး အဲ့အခန်းမှာ နေချင်ရင် နေလို့ရတယ်။ မဟုက်ရင် ကိုယ့်ဟာကိုယ် နေစရာ ရှာချင်ရင်လည်းရတယ်။ စာချုပ်က စားပွဲပေါ်မှာ။ ဘာပြသနာမှ မရှိရင် လက်မှတ်ထိုးလိုက်ပါ။ မေးစရာ တစ်ခုခု ရှိရင် ကျနော့်ကို မက်ဆေ့ပို့လိုက်ပါ။ ကျနော့် ဖုန်းနံပါတ်က စားပွဲပေါ်မှာ ''
ကျန်းဝမ်ပြုံးပြလိုက်ရင်း ''အိုကေ''
ထိုလူကတော့ လှည့်ထွက်သွားပြီး သူ့အခန်းသူပြန်သွားချေပြီ။
ကျန်းဝမ် သူ့နောက်မှ အိမ်ထဲလိုက်လာခဲ့ပြီး တံခါးကို ဖြေးငြင်းစွာပိတ်ကာ အိမ်စီးဖိနပ်နှင့်လဲလိုက်တယ်။
ဧည့်ခန်းနှင့် အခြားအခန်းများကတော့ သိပ်မရှုပ်ပါချေ။
ကြမ်းပြင်ပေါ်မှ စေးကပ်ကပ်အချိုရည်တွေ စွန်းနေသော ကွက်လပ်ကြီးမှလွဲလျှင်။
YOU ARE READING
Living Together (Myanmar Translation )
RomanceTitle- Living Together Author - Dong Ge Status in COO-74 Chapters Title ကို ကြည့်ရုံနဲ့တင် သိပါတယ် smut ပါ။ Novelupdates မယ် R-18 tags ကိုမွှေရင်း ဖက်ကြည့်ရင်း သဘောကျလို့ပါ။ drama, romance, smut, comedy အတော်စုံပါတယ်။ ပြောရရင် အစကတည်းက smut fic မိ...